Main menu

Background

မန်းမြေမှ စင်ကာပူနိုင်ငံကို သွားနေတဲ့ နိုင်လွန်ပဲ

Wed, 07/24/2013 - 12:19 -- ydnar

ကျောက်မြောင်းအထက်ပိုင်း ထီးချိုင့်၊ ကသာဖက်မှာ ထွက်ရှိတဲ့ နိုင်လွန်ပဲများ အရည်အသွေးကောင်း မွန်တဲ့အတွက်ဝယ်လက်အကြိုက်တွေ့ ကြောင်း သိရပါတယ်။ မဲဇာ၊ မုံရွာမှာ စိုက်ပျိုးထွက်ရှိပေမယ့် အထွက်နည်း သလို အရည်အသွေးအနည်းငယ် ကျဆင်းပါတယ်။

မြစ်ကမ်းနဘေးနုံးတင် မြေနုမှာ စိုက်ပျိုးတဲ့ ပဲများမှာ အခြားပဲ တွေထက် စားသုံးရာမှာ ပိုမိုနူးညံ့လို့ ဈေးကွက်ဝင်လျက်ရှိပါတယ်။ စစ်ကိုင်း၊ မုံရွာအခေါ် ပုဂံပဲ(နိုင်လွန်ပဲ)ဟာ ပြည်ပ ကိုပို့မယ့် အမယ်သစ်တစ်မျိုးဖြစ်လာ နိုင်ပါတယ်။ ဈေးကွက်လိုအပ်ချက်ရှိလာ တာကြောင့် တောင်သူများအနေနဲ့ စိုက်ပျိုးသင့်တဲ့ ပဲတစ် မျိုးဖြစ်ကြောင်း၊ ပြည်ပ(စင်ကာပူ)ဝယ်လက်ရှိတာကြောင့် ရန်ကုန်ဝယ်လက်များသင့်တင့်တဲ့ ပေါက် ဈေးနဲ့ အဝယ်လိုက်နေပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ တတိယ အပတ် နိုင်လွန်ပဲ တစ်ပိဿာ ၁၄၆၈ ကျပ် (တစ်တန် ၈၉၈၉၈၉ ကျပ်)နဲ့ တစ်ရက် သုံးတင်းဝင်အိတ် ၂၀၀ အိတ်မှ ၃၅၀ အိတ်အထိ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပြည်တွင်းမှာ အရောင်းအဝယ် ဖြစ်သလို ဒေသတွင်း စားသုံးသူများမှ လည်း ဝယ်ယူသုံးစွဲတဲ့အတွက် ပုံမှန် ဈေးကွက်ရှိပြီး၊ ရန်ကုန်ဝယ်လက်များက နိုင်ငံခြားကို တင်ပို့ဖို့အတွက် ဝယ်ယူ မှုရှိတာကြောင့် အရောင်းအဝယ် သွက် လက်နေပါတယ်။အဆွဲရှိပေမယ့် ပစ္စည်း ကရှားပါးပြီးလိုသလောက်ဝယ်ယူရရှိမှု နည်းပါးကြောင်း၊ပြည်ပကိုထွက်ခွာပေမယ့် ပမာဏကြီးကြီးမားမားမရှိသေးကြောင်း၊ နိုင်လွန်ပဲကုန်သည်တစ်ဦးမှ ပြောကြား ပါတယ်။ ယခင်ဒေသသုံး ရောင်းဝယ် နေရာမှ ပြည်ပကဝယ်ယူမှုရှိလာတာ ကြောင့် နိုင်လွန်ပဲဈေးမြင့်လာစရာ အကြောင်းရှိကြောင်း ကုန်သည်တစ်ဦးမှ ပြောကြားပါတယ်။စိုးအောင် - မန္တလေး