Main menu

Background

Nissan Motor Co.,က Datsun တံဆိပ်ကားများပြန်လည်ထုတ်လုပ် ရောင်းချတော့မည်

Wed, 07/24/2013 - 12:38 -- ydnar

ဂျပန်ကားကုမ္ပဏီဖြစ်သော Nissan Motor Co., က လွန်ခဲ့သည့် ၂၇ နှစ်ကထုတ်လုပ်မှုရပ်ဆိုင်းခဲ့သော Datsun  တံဆိပ်ကားများ ပြန်လည် ထုတ်လုပ် ရောင်းချတော့မည်ဟု ဆို သည်။အိန္ဒိယဈေးကွက်၌ လူလတ်တန်း စားများအတွက် ရည်ရွယ်ပြီး ဈေးနှုန်း မှာ ရူပီး ၄ သိန်း (ဒေါ်လာ ၆၇၀၀၊ မြန်မာငွေ ၆၄သိန်း) အောက်ဖြင့်ရောင်း ချမည် ဖြစ်သည်။

နိုင်ငံအလိုက် လူ ၁၀၀၀ တွင်ရှိသော ကားအစီးရေမှာ အမေရိကန်တွင် အစီး ၈၀၀၊ ဥရောပ တွင် အစီး ၅၀၀၊ ရုရှားတွင် အစီး ၂၈၀၊ အင်ဒိုနီးရှားတွင် အစီး ၇၀နှင့် အိန္ဒိယ တွင် ၁၂ စီး အသီးသီးရှိနေသည်။ Datsun Go တံဆိပ်ကားများအား Chennai ရှိ Nissan-Renault   စက်ရုံ တွင်ထုတ်လုပ်မည်ဖြစ်ပြီးအိန္ဒိယ ဈေး ကွက်၌ ၂၀၁၄ ခုနှစ် အစောပိုင်းမှ စတင်၍ ရောင်းချသွားမည်ဖြစ်သည်။ အိန္ဒိယအပြင် ရုရှား၊ အင်ဒိုနီးရှားနှင့် တောင်အာဖရိက ဈေးကွက်များသို့ လည်း တင်ပို့ရောင်းချမည်ဟု ဆိုသည်။ဇော်ညွန့် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံး