Main menu

Background

မူဆယ်မှ ပုံမှန်ပို့တဲ့ ပြောင်း

Wed, 07/24/2013 - 12:51 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၇၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၃၇ တန်ကျော်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန်ဖိုးရှိ ပြောင်း ၃၃၁ တန်ခွဲကိုတင်ပို့နိုင်ခဲ့ပါတယ်။

ယခင်အပတ် မူဆယ်မှ ၆၃၈၁ တန်နီးပါး၊ ချင်းရွှေဟော်မှ ၂၇၇၀ တန်နဲ့ လွယ်ဂျယ်မှ ၁၂၀၂ တန်ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်ပြောင်းတင်ပို့မှု တန်ချိန် ၂၁၈၀ ကျော်လျော့နည်းသွားခဲ့ပါတယ်။ ယခုအပတ်မန္တလေး-မူဆယ် ကုန်စည်သယ်ယူခ နှုန်းထားမှာ ပြောင်း ၁ ပိဿာ ၅၆ ကျပ်ဖြစ်တာမို့ ယခင်အပတ်ထက် အနည်းငယ် ပိုမိုလာတာ တွေ့ရပါတယ်။ နှစ်နိုင်ငံပြောင်းဈေးတွေကို ယခင်အပတ်နဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -
 
မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)     ယခု    ယခင်    ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    %
ပြောင်း ၃၄၇၉၉၇    ၃၄၈၂၇၆        ၂၇၉     ၂        ၃၆၂         ၃၆၂         -          -မော်မော်အောင်၊ MIRT (DCCA))