Main menu

Background

တဖြည်းဖြည်းတစ်ရိပ်ရိပ် ဈေးတက်လာပေမဲ့ ပုံမှန်ဈေး မရောက်သေးတဲ့ မန်းသကြား

Wed, 07/24/2013 - 12:55 -- ydnar

မန္တလေးသကြားကုန်စည်ဒိုင် (သကြားနဲ့သကာရည်လုပ်ငန်းရှင်များ ကထိန် တော်အသင်း) မှာ ဥပုသ်နေ့မှ အပ ကျန်နေ့ရက်တွေမှာ ပုံမှန်အရောင်းအဝယ်ပြု လုပ်လျက်ရှိပါတယ်။ မန္တလေးမှထွက်တဲ့သကြားကို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ မုန့်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း၊ အချိုရည်လုပ်ငန်းတို့ကို တင်ပို့ရောင်းချနေရ တာကြောင့် အရောင်းအဝယ်ပုံမှန်ရှိပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လတတိယပတ်မှာ သကြား A ၉၇၀ ကျပ်၊ B ၉၆၀ ကျပ်၊ C ၉၅၀ ကျပ်နဲ့ နေ့စဉ်ပိဿာ ၃၀ အိတ် ၄၀၀၀ မှ ၆၀၀၀ အရောင်းအဝယ် ဖြစ်ပါတယ်။ သကြားချက်ဖို့အတွက် ကုန်ကြမ်းဖြစ်တဲ့ ပွက်ရည်တစ်ပိဿာ ၅၈၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်လို့ ကုန်ကြမ်းဈေးနဲ့ကုန်ချောဈေး သင့်တင့်မှုရှိကြောင်း သိရပါတယ်။ အရက်ချက်ဖို့ အတွက် ခါရည်ကိုတစ်ပိဿာ ၃၁၀ ကျပ်မှ ၃၄၀ ကျပ် ဝယ်ပြီးအသုံးပြုရပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလကုန် နောက်ပိုင်း သကြား ဈေးတဖြည်းဖြည်း တရိပ်ရိပ်တက်လာပေမဲ့ မနှစ်ကဈေးကိုတော့ မရောက်သေး ကြောင်း  ကြိုရောင်းကြိုဝယ်ရှိသလို ကုန်ရငွေချေစနစ်နဲ့လည်း ရောင်းဝယ်ကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ရောင်းဝယ်မှု အားကောင်းတဲ့ မန်းသကြား၊ ပြည်ပကို လည်း အပတ်စဉ်စီးထွက်သွားပါတယ်။ တစ်ပတ်ကို ပေါင်းသကြားတန်ချိန် ၂၀၀ ဝန်းကျင် ပုံမှန်ထွက်တယ်လို့သိရပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ သကြားထုတ်လုပ်နိုင်တဲ့ ခေတ်မီသကြား စက်ကြီးများတည်ဆောက် ထုတ်လုပ်နိုင်ပါက သကြားမှတစ်ဆင့် နိုင်ငံခြားငွေ တိုး တက်လာမှာဖြစ်သလို ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ လာမှာ ဖြစ်ပါတယ်။                                          စိုးအောင်-မန္တလေး