ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ စိုက်ပျိုးရေးဝန်ကြီးလည်း ဖြစ်တဲ့ Yokol Lim Laemthong က ထိုင်းရော်ဘာဈေးများကျဆင်း နေခြင်းနဲ့ စပ်လျဉ်းပြီး ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်သမျှ လျှော့ချ နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ရော်ဘာဟာ ထိုင်းနိုင်ငံရဲ့ပို့ကုန်များစာရင်းမှာ ထိပ်ဆုံးမှာရှိနေတဲ့အတွက် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ကျင့်သုံးရာမှာ အခြားအာဆီယံ နိုင်ငံ များနဲ့ ဈေးကွက်မှာယှဉ်ပြိုင်နိုင်ရေးကိုလည်း ဆွေးနွေးပြောကြား ခဲ့ပါတယ်။ ယမန်နှစ်ကထက် ရော်ဘာတင်ပို့မှုမှရရှိငွေက လျော့နည်းခဲ့သော် လည်းတင်ပို့နိုင်တဲ့ပမာဏမှာ တန်ချိန် ၃ ဒသမ ၂ သန်း ထိ တိုးတက် လာခဲ့ပါတယ်။ ထိုင်းနဲ့တရုတ်တို့မှာ သိုလှောင်ထားတဲ့ ရော်ဘာ ပမာဏ များပြားနေတဲ့အတွက်ရော်ဘာဈေးဟာတက်သင့်သလောက် မတက်ဘဲရှိနေတာဖြစ်ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ရော်ဘာဈေး တည်ငြိမ်စေရေး အတွက် ထုတ်လုပ်မှုစရိတ်များ လျှော့ချရန်၊ လိုအပ်ချက်နဲ့ ထုတ် လုပ်မှုပမာဏချိန်ဆရန်နဲ့ ရော်ဘာဈေးနှုန်းကျနေတဲ့ ပြဿနာကို ကိုင်တွယ် ဖြေရှင်းသွားရန် လိုအပ်ကြောင်း Yokol ကပြောပါတယ်။ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအနေနဲ့ အမှန်တကယ်ကုန်ကျတဲ့ ထုတ်လုပ်မှုစရိတ်နဲ့ ရော်ဘာခြံသမားများ ရရှိငွေကို သုံးသပ်ရန်၊ ခြံစိုက်သမားများအနေနဲ့လည်း နည်းပညာအသစ်များ၊ အထွက်တိုးနှုန်း ကောင်းမျိုးများကို ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်ကို တတ် နိုင်သမျှလျှော့ချပြီး ပြည်ပသို့ရော်ဘာတိုးမြှင့် တင်ပို့နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်ကြမှသာ ထိုင်းနိုင်ငံဟာအရှေ့တောင်အာရှနိုင်ငံများ (ASEAN) အကြားမှာ ရော်ဘာအများဆုံးထုတ်လုပ်တင်ပို့နိုင်တဲ့ နိုင်ငံဖြစ်လာမယ်လို့ Yokol ကပြောကြားခဲ့တယ်လို့ Pattaya Mailအရသိရှိရပါတယ်။ CMK