Main menu

Background

ကမ္ဘာ့ရော်ဘာဝယ်လိုအား ထိုင်းမှိုင်းနေခြင်း ဘတ်ငွေတန်ဖိုး မြင့်မားနေခဲ့ခြင်းတို့ကြောင့် ထိုင်းရော်ဘာတင်ပို့မှု လျော့ကျကာဝင်ငွေလည်း လျော့နည်းခဲ့

Wed, 07/24/2013 - 12:59 -- ydnar

ဇူလိုင်လဆန်းမှစပြီး ကျဆင်းလာတဲ့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းများ ဇူလိုင်လလယ်ပိုင်းအထိ ဆက်တိုက်အား နည်း လာတယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ မှာရှိနေခဲ့တဲ့ ထိုင်းရော်ဘာRSS -5 (မှိုင်းခံရော်ဘာ အဆင့် ၅) က ဇူလိုင်လ ၁၅ ရက်နေ့မှာ တစ်တန်ကို ၂၅၃၄ ဒသမ ၅၀ ဒေါ်လာအထိ ၁၈၄ ဒေါ်လာ ဈေးကျလာတယ်။ မလေးရှားရော်ဘာ (SMR-20) ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၄၇ ဒေါ်လာဈေးကျလာတယ်။

ဂျပန်ယန်းတန်ဖိုးကလည်း ကန်ဒေါ်လာနဲ့ လဲလှယ် ရာမှာ တစ်ဒေါ်လာကို ယန်း၁၀၀ အောက်အထိ ရောက်ရှိ တန်ဖိုးမြင့်လာခြင်းက ယန်းငွေနဲ့ ရောင်းဝယ်တဲ့ ပစ္စည်းများကို စိတ်ဝင်စားမှုကို လျော့နည်းစေသဖြင့် ရော်ဘာဈေးနှုန်း ကျ ဆင်းလာတယ်။ ကမ္ဘာ့ရော်ဘာ တင်ပို့မှုအများဆုံး ထိုင်းနိုင်ငံရဲ့ ရော်ဘာတင်ပို့မှုလည်း လျော့နည်းခဲ့ကြောင်း နှစ်အလိုက် တင်ပို့မှုမှာ ၁၄ ဒသမ ၇၈ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း သိရတယ်။ ကမ္ဘာ့ရော်ဘာ ဝယ်လိုအား ထိုင်းမှိုင်းနေခြင်းနဲ့ ဘတ်ငွေတန်ဖိုးမြင့်မားနေခဲ့ခြင်းတို့ကြောင့် ထိုင်းရော်ဘာ တင်ပို့မှု လျော့ကျကာ ဝင်ငွေလည်း လျော့နည်းခဲ့တယ်လိ့ု သိရတယ်။ ယခုနှစ်အတွင်း ထိုင်းရော်ဘာတင်ပို့မှုကို တန်ချိန် ၃ ဒသမ ၂ သန်းအထိ ရောက်ရှိမယ်ရည်မှန်းထားရာ ယခင် နှစ်က တင်ပို့ခဲ့ရတဲ့ တန်ချိန် ၃ ဒသမ ၁ သန်းနဲ့ ယှဉ်ရင် မဆိုစလောက်သာ တိုးတက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းထား တယ်။ ထိုင်းရော်ဘာတင်ပို့မှုအနည်းငယ်သာ တိုးတက်မှာ ဖြစ် သော်လည်း ရော်ဘာထုတ်လုပ်မှုမှာ တိုးတက်မယ် ခန့်မှန်း ထားတယ်။ ယခုနှစ်အတွင်း တန်ချိန် ၃ ဒသမ ၈ သန်းထုတ် လုပ်နိုင်မယ်ခန့်မှန်းထားရာ ယခင် နှစ်ထုတ်လုပ်မှု တန်ချိန် ၃ ဒသမ ၆ သန်းထက် သုည ဒသမ ၂ သန်း ပိုမိုလျက်ရှိ တယ်။                                           ပပ