ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၉၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၇၇ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၁၁၃ တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။
ယခုအပတ် မှာ မူဆယ် ၁၀၅ မိုင်မှ ကြက်ဆူစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ဝဥခြောက်၊ စကားပန်းပွင့် ခြောက်၊ မာလာဥ၊ တောဂျင်း၊ တောင်လုံးကျော်၊ တောဂျူးမြစ်၊ ရှားစေး၊ဒရင်ကောက်မြစ် နဲ့မန်ကျည်းမှည့်တို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ သီဟိုစေ့ (အခွံမပါ)နဲ့ရွေးရွက်တို့မှာတင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ယခင်အပတ်က တင်ပို့မှု မရှိသော မာလာဥခေါင်း၊ စမုံနက်နဲ့ ကြောင်ပန်းစေ့တို့ကိုလည်း ယခုအပတ် မှာတင်ပို့ခဲ့တာတွေ့ရှိရပါတယ်။ ချင်း ရွှေဟော်စခန်းမှ ယခုအပတ်မှာ ဒရင် ကောက်မြစ်တစ်မျိုးတည်းသာ တင်ပို့ နိုင်ခဲ့ ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်း တန်ဖိုးရှိ တောင်လုံးကျော်၊ ကြစုသီး၊ ဟင်းရိုင်းဖြူနဲ့ ကတ္တရာသင်္ချေ ၆ တန် ကျော်ကို ယခုအပတ်မှာတင်သွင်းနိုင်ခဲ့ ကြောင်း သတင်းရရှိပါတယ်။ ခင်ကလျာဦး MIRT ( DCCA )