Main menu

Background

တရုတ်နယ်စပ်မှ ဂဏန်း၊ ငါးရှဉ့်နဲ့ အခြားရေထွက်ကုန် တန် ၉၀၀ ကျော်တင်ပို့

Wed, 07/24/2013 - 13:05 -- ydnar

ယခုအပတ် ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်ထိတာကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ  ကန်ဒေါ်လာ ၂ ဒသမ ၃၀၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၄၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၃၀ သန်းဖိုးရှိ ရေထွက်ကုန် ၈၀၁ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် တန် ၁၀၀ ခန့်လျော့နည်းခဲ့ပါတယ်။ လျော့နည်းရခြင်းကတော့ ငါးရှဉ့်အပြင် အခြားရေထွက်ကုန်များလည်း တင်ပို့မှုလျော့နည်းနေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ကဏန်း ၃၀၆ တန်ကျော်၊ ငါးရှဉ့် ၂၇၂ တန်ခန့်၊ ရေခဲငါး ၁၀၅ တန်ခန့်၊  ငါးလေးခြောက် တန် ၈၀၊ငါးဆားနယ် ၃၈ တန်နီးပါးနဲ့ငါးစီဖောင်း ၀ ဒသမ ၃၆ တန်ဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့တဲ့ ပုဇွန်ခြောက်၊ ပင်လယ်မျှော့ ခြောက်၊ ငါးမြစ်ချင်းစီဖောင်း၊ ငါးပူ တင်းရေခွံခြောက်၊ ငါးလိပ်ကျောက် ရေခွံခြောက်၊ ငါးကြင်းစီဖောင်းများ ယခုအပတ်မှာတင်ပို့မှုမရှိတာတွေ့ ရပါ တယ်။ ချင်းရွှေဟော်ကူးသန်းရောင်း ဝယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၇၉ သန်းတန်ဖိုးရှိ ငါးရှဉ့် ၁၄၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက်၂၅တန်ခန့်ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် ငါးရှဉ့်ဈေး မှာ တစ်တန်လျှင် ၃၅၂၈၀၀၀ ကျပ် ၂၂၁၀၄ ယွမ်နဲ့ ဒေါ်လာ ၃၆၀၀ ဖြစ်ပြီး ကဏန်းဈေးမှာတစ်တန်လျှင်၂၂၃၄၄၀၀ ကျပ်၊ ၁၃၉၉၉ ယွမ်နဲ့ ဒေါ်လာ ၂၂၈၀ ဖြစ်ပြီးယခင်အပတ်ထက်ဈေးကျလျက် ရှိကြောင်း မူဆယ်ကူးသန်းရောင်းဝယ် ရေးစခန်းမှ သိရှိရပါတယ်။ ငါးရှဉ့်ဈေးကျဆင်းရခြင်းမှာ မြန်မာပြည်အောက်ပိုင်းဒေသမှ ငါးရှဉ့်များဝင်ရောက်မှုများတဲ့အတွက် ကျဆင်းခြင်းဖြစ်ကြောင်း၊ဇွန်၊ဇူလိုင်လ များဟာ ငါးရှဉ့်အများအပြားထွက်ရှိတဲ့ ကာလဖြစ်တဲ့အတွက်ရန်ကုန် ဈေးကွက် တွင်လည်း ကုန်ပစ္စည်းပေါများလာ ကြောင်း၊ ငါးရှဉ့်ဒိုင်ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိကြောင်း ၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ငါးရှဉ့်ဒိုင်မှ ဦးချစ်စမ်းမောင်ထံမှ သိရှိရပါတယ်။ယဉ်ယဉ်အေး MIRT ( DCCA)