Main menu

Background

စစ်တွေကပါပို့တဲ့ ပဲတီစိမ်း

Wed, 07/24/2013 - 13:07 -- ydnar

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀၂၂၉ တန်ဖိုးရှိ ပဲတီစိမ်း တန် ၃၀ ကို ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်တာကာလမှာတင်ပို့ခဲ့တာတွေ့ ရပါ တယ်။ ပုံမှန်တင်ပို့ နေကျဖြစ်တဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ကန်ဒေါ်လာ ၅ ဒသမ ၈၇၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၆၉၀၆ တန် ကျော်နဲ့ ချင်းရွှေဟော်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၄၀၈ သန်းဖိုးရှိ ပဲတီစိမ်းလုံးပြည့် တန် ၄၈၀ ကိုတင်ပို့ နိုင်ခဲ့ပါတယ်။

မူဆယ်မှ ပဲတီစိမ်း လုံးပြည့်အပြင် ကန်ဒေါ်လာ သုည ဒသမ ၀၇၅ သန်းဖိုးရှိတဲ့ လုံးခြမ်း ၆၆ တန်ကျော်ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ မကွေးတိုင်းအောင်လံမြို့တွင် ဇူလိုင်လ ပထမပတ်မှစကာ ပဲတီစိမ်းများ စတင် ဖော်ထုတ်နေပြီး ပဲတီစိမ်း ၁တင်းကို ၂၄၀၀၀ ကျပ်ဈေးပေါက်နေတယ်လို့ သိရပါတယ်။ ယခင်နှစ်များကဲ့သို့ ဈေး ကောင်းရရှိပေမဲ့ အထွက်နှုန်းကျနေ တယ်လို့လည်း သတင်းရရှိပါတယ်။မူဆယ်ကုန်သွယ်ရေးဇုန်မှာ ယခုအပတ် ပဲတီစိမ်းပေါက်ဈေးကတော့ မိမိဖက် ဈေးတစ်တန်ကို ၈၇၀၄၃၃ ကျပ်ဖြစ်ပြီး၊ တစ်ဘက်နိုင်ငံဈေးကတော့ ၈၉၃ ယွမ် ဈေးဖြစ်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှလုံးပြည့် ၄၄၁၂ တန်ကျော်နဲ့ ချင်းရွှေဟော်မှ တန် ၁၆၀ တင်ပို့ခဲ့ တာ ကြောင့် ယခုအပတ်ပဲတီစိမ်း တင်ပို့မှု တန်ချိန် ၂၈၀၀ ကျော်ပိုမိုခဲ့ပါတယ်။မော်မော်အောင် MIRT (DCCA)