ဘုရင့်နောင်ဈေးကွက်

ဘုရင့်နောင်ဈေးကွက် မှာဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ ဝယ်လက်က တစ်တန်ကို ၄၉၉၀၀၀ ကျပ်ဈေးဖြင့် ဈေးဖွင့် အဝယ် ရှိပေမယ့်ရောင်းသူကုန်သည်များကဈေးအမြင့် မျှော်မှန်းတာကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းပြီး အရောင်းအဝယ်လည်း ငြိမ်နေ တယ်လို့ ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်လုံးမှ တန် ၁၇၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငံနီ (RC) ကတော့ ဒီတစ် ပတ်မှာ အိတ်စပို့အဆွဲပါးတာကြောင့် ဈေးကွက်မှာ ဈေးသာရှိပြီး အရောင်းရော အဝယ်ပါနည်းခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါ တယ်။