မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၃၁၆ ကျပ် (တစ်တန်ကို ၅၀၅၉၀၅ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီတစ်ပတ်မှာ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန် အဆွဲပါးသွားလို့ ဈေးလည်း အေးနေကြောင်း သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၉၂၀ ကျပ် (တစ်တန်ကို ၅၆၃၃၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background
