မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီး အရောင်း အဝယ်ပုံမှန်ရှိကာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲအေးပြီး ကုလားပဲနဲ့ ကုလားပဲဖြူလုံးကြီးကတော့ ဒေသတွင်းခွဲစက်နဲ့ လုပ်ငန်းသုံး သမားတွေ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ပွဲရုံရပ် ကွက်ကဆိုပါတယ်။ ပဲတီစိမ်းကြီးအနေနဲ့ဒီတစ်ပတ်နယ်စုံမှဝင်ရောက်မှုအနည်းငယ်လျော့ ပေမယ့် တရုတ်အတွက်ဝယ်ယူနေတဲ့ မန္တလေးဝယ်လက်က ပုံမှန်အဆွဲရှိတာကြောင့် ဈေးမြင့်လာပြီး တစ် ပိဿာကို ၁၃၄၂ ကျပ်(တစ်တန်ကို ၈၂၁၈၂၇ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ရန်ကုန်အဆွဲပါးပြီး ဒေသကုန်သည်တချို့သာ ဝယ်အား အနည်းငယ်ရှိလို့ နေ့စဉ်ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်)ကို အိတ်စပို့အဆွဲပါးပြီး ဒေသတွင်းရှိ ပဲခွဲစက်နဲ့ ကြာဇံစက် များက ဝယ်လိုအားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
Background
