Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(22-7-13)

Wed, 07/24/2013 - 14:00 -- ydnar

ဘိလပ်မြေတန်ချိန်ခုနှစ်ထောင်ကျော် ရေလမ်းမှဝင်
ပြည်တွင်းကို ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့တာကာလအတွင်း ကန် ဒေါ်လာ ငါးသိန်းကိုးသောင်းကျော် တန်ဖိုးရှိ ဘိလပ်မြေ ၇၄၂၆ ဒသမ ၀၀၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံ ထုတ် ဘိလပ်မြေများသာအဝင်ရှိခဲ့ပါတယ်။ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် ခြောက်ေ ထာင့်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေ အဝင်တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန်တစ်ထောင့်နှစ် ရာကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။                                                     MIRT (DOT)

 
မိုးကောင်းနေသော်လည်း ဈေးကွက်မှာငြိမ်နေအေးနေဆဲ ဘိလပ်မြေ
ဇူလိုင်လ ၇ ရက်မှ ဇူလိုင်လ ၁၃ ရက် သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေတန်ချိန် ခုနှစ်ထောင့်ေ လးရာနှစ်ဆယ့်ခြောက်တန် ဝင်လာခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာတော့ ရေကြောင်းလမ်းမှ ဘိလပ်မြေ အဝင် တန်ချိန် ခြောက်ထောင်နှစ်ရာကျော်အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင်နှစ်ရာကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ယခုတစ်ပတ်မှာ တန်ချိန်ရှစ်ထောင်ခုနှစ်ရာကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန်ခုနှစ်ထောင့်တစ်ရာ ခုနှစ်ဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ထောင် ငါးရာ့ငါးဆယ်ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပြီး နယ်စပ် လမ်းမှ အဝင်ပိုခဲ့ပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပါးတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် အရောင်းအဝယ်နည်းနည်းရှိပေမဲ့ ဒီ တစ်ပတ်မှာတော့ အရောင်းအဝယ်ပါးတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယခင်တစ်ပတ်ဈေးအတိုင်း စိန်(ယိုးဒယား) ၇၃၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေက ၅၂၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေက ၅၈၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၆၃၀၀ ကျပ် ၊ အေသုံးလုံးဘိလပ်မြေ က ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင် မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း ဆက်ပြီး အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးသလို ဈေးကလည်းငြိမ်နေတယ်။ မိုးတွင်းမှာ အရောင်းအဝယ်က သိပ်မဖြစ်ဘူး။ဒီတစ်ပတ် ထဲ မြင်းခေါင်း ဘိလပ်မြေနဲ့ ကြံ့(မြိုင်ကလေး) ဘိလပ်မြေကဈေးငြိမ်နေပေမဲ့ဆင် (ထိုင်း)ဘိလပ်မြေကငါးဆယ်ကျပ်ဈေးမြင့်ပြီးအရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်အေးတယ်လို့  သိရ ပါတယ်။ ဒီတစ်ပတ်မှာဘိလပ်မြေက အရောင်းအဝယ်အေးသလို ဈေးက ဒီတစ် ပတ်မှာ အနည်းငယ်ကျလာတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာအေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၄၇၀၀ ကျပ်၊ ဆင်(ထိုင်း) ၅၈၀၀ ကျပ်၊ စိန် (ထိုင်း) ၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဘုရားကြီးနား ပွဲရုံတန်း ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေ ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိတာကြောင့် ဒီတစ်ပတ်မှာ ဆင်(ထိုင်း) ဘိလပ်မြေကဈေးငြိမ်နေပေမဲ့ စိန်နဲ့ ကြံ့(မြိုင်ကလေး)ဘိလပ်မြေက ဈေးနည်းနည်း မြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၅၇၀၀ ကျပ်၊ စိန်(ထိုင်း) ၅၆၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး)၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ မကွေးဈေးကွက်မှာဘိလပ်မြေက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်အေး တယ်လို့ သိရပါတယ်။ ဒါကြောင့်ဈေးကွက်ထဲ ဘိလပ်မြေဈေးက သိပ်အပြောင်း အလဲမရှိဘူး။ ဈေးကွက်ထဲ အရင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်။ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း)၆၅၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၅၄၀၀ ကျပ်၊ ဆင်(မြန်မာ) ၅၄၀၀ ကျပ် ဈေးနဲ့အရောင်း အဝယ်ဖြစ်နေ တယ်လို့ သိရပါတယ်။                                                         MIRT(DOTP)