ဓာတ်မြေသြဇာဈေးနှုန်းများ (22-7-13)
ရေလမ်းခရီးမှ မြေသြဇာအဝင်ပို သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့တာကာလအတွင်း ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ငါးသိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မြေသြဇာတန်ချိန် ၂၁၇၈ ဒသမ ၀၅၉ တန်တင်သွင်းခဲ့ပါတယ်။
ဒီတစ်ပတ် မှာ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၄၀၀၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၂၅၀၊ အင်ဒိုနီးရှားနိုင်ငံမှ ယူရီးယားမြေသြဇာ ၁၈ ဒသမ ၀၅၉ တန်နဲ့ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၁၅၁၀ တင်သွင်းလာခဲ့တယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်မှာ တရုတ်နိုင်ငံဘက် မှ မြေသြဇာအများဆုံးဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဝင်လာခဲ့တဲ့ မြေသြဇာမှာ တန်ချိန် တစ်ထောင့်သုံးရာကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ရှစ်ရာခုနှစ်ဆယ်ကျော်ပိုမိုဝင်လာ တယ်လို့ သိရပါတယ်။ MIRT (DOT)
မိုးကလေးအေးနေသလို ဈေးကွက်မှာလည်း အေးနေဆဲဓာတ်မြေသြဇာ
ပြည်တွင်းကို ဇူလိုင်လ ၇ ရက်မှ ဇူလိုင်လ ၁၃ ရက်အတွင်း ရေလမ်းမှ မြေသြဇာတန် ချိန် နှစ်ထောင်တစ်ရာကျော်ဝင်ခဲ့တယ်လို့ သိရပါတယ်။ယခင် တစ်ပတ်မှာ မြေသြဇာအဝင်ကတန်ချိန် တစ်ထောင်သုံးရာကျော်သာ ရှိခဲ့လို့ ဒီတစ် ပတ်မှာ တန်ချိန်ရှစ်ရာခုနှစ်ဆယ်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။ နယ်စပ် လမ်းမှ မြေသြဇာ ယခင်တစ်ပတ်အဝင်က တန်ချိန် တစ်သောင်း သုံးထောင်ကျော် ရှိခဲ့ပြီး ဒီတစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်း ခုနှစ် ထောင်ကျော်ရှိခဲ့ တာကြောင့်ဒီတစ်ပတ်မှာတန်ချိန် သုံးထောင့်ခုနှစ်ရာ ကိုးဆယ်ကျော် အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ ဒီတစ်ပတ်မှာနယ်စပ်လမ်းကမြေသြဇာ အဝင်ပိုခဲ့သလို ရေလမ်းမှ မြေသြဇာအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ မကွေး၊ တောင်ကြီးမှာ ဈေးငြိမ် နေပေမဲ့ ပဲခူး၊ မန္တလေးမှာ ဈေးနည်းနည်းကျလာတယ်လို့ သိရပါ တယ်။ မိုးများလာ တာကြောင့် မြေသြဇာအသုံးနည်းတာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာ အရောင်း အဝယ်အေးလာတယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာအရောင်းအဝယ် အေးလာ တယ်လို့သိရပါတယ်။ ဒီဘက်မှာမိုးကကြီး၊မိုးများတော့မြေသြဇာကျွေးတာ လည်း သိပ်မလုပ်ဘူး။ ဒါကြောင့် အရောင်းအဝယ်က လုံးဝကို မကောင်းဘူး။ ဒီတစ်ပတ် မှာ ဈေးအတက်အကျမရှိဘဲ ယခင်တစ်ပတ်ဈေးနဲ့ဘဲ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်း တွေမှာ ပုလဲ-အသေး၄၆% (ရွှေတုံး၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၆၅၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၃၁၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၁၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ဈေးကွက်အတွင်းမှစုံစမ်း ရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန် ရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၈၅၀၀ ကျပ်၊တီစူပါ ၁၂%(တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၃၅၀၀ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၄၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၀၀၀ကျပ်၊ ယူရီး ယား (ယူအေအီး) ၁၈၀၀၀ ကျပ်၊ မြှားကမ္ဘာ၁၃၅၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ ပတ်လမ်းမှာရှိတဲ့မြေသြဇာ အရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။မကွေးမြေသြဇာဈေးကွက်မှာ မြေသြဇာကအရင်တစ်ပတ်က အရောင်းပါး သလို ဒီတစ်ပတ်မှာလည်း အရောင်းပါးသေးတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ မြေသြဇာကျွေးတာနည်းနေသေးတယ်။ ယူရီးယားမြေသြဇာကတော့ဒီတစ်ပတ်မှာ နည်းနည်းအရောင်းအဝယ်ဖြစ်တယ်။ တစ်ပတ် အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၄၇၀၀ ကျပ်၊ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) ၁၄၇၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၄၀၀၀ ကျပ်၊ အာမို(၁၅း၁၅း၁၅) ၃၅၀၀၀ ကျပ်၊ အာမို(၁၆း၁၆း၈) ၃၃၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၆၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေ တောင်) ၁၉၃၀၀ ကျပ်၊ တီစူပါ(မြားနီ-တရုတ်) ၂၀၅၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၅၇၀၀ ကျပ်၊ ပိုတက် ၂၅၇၀၀ ကျပ်၊ တောင်သူမ ၁၄၀၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။မန္တလေးဈေးကွက်မှာမြေသြဇာ က ဒီတစ်ပတ်မှာ ပုံမှန်အရောင်းထက် နည်းနည်းအေးတယ်လို့ မြေသြဇာ ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယားနဲ့ တီစူပါ (ွှဏ ၁၂%-တရုတ်) ဈေးကျလာပြီး ကွန်ပေါင်း(၁၀း၁၀း၅)က နှစ်ရာဝန်းကျင်ဈေးတက်လာတယ် လို့ သိရပါတယ်။ မြေသြဇာဈေးကလည်း အရောင်းအဝယ်သွက်တဲ့ပေါ်မူတည်ပြီး ဈေး အတက်အကျက တစ်အိတ်ကို နှစ်ရာဝန်းကျင်မှာပဲ ဖြစ်နေတယ်လို့ ဈေးကွက်ထဲမှ သိရှိရပါတယ်။ ဒီ တစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား (ရွှေ တောင်-တရုတ်) ၁၈၆၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၈၀၀ ကျပ်၊ တီစူပါ (GSSP ၄၆%-တရုတ်) ၁၉၆၀၀ ကျပ်၊ တီစူပါ (GTSP ၁၆%-တရုတ်) ၈၄၀၀ ကျပ်၊ တီစူပါ (GSSP ၁၂ %-တရုတ်)၇၅၀၀ကျပ်၊ ကွန်ပေါင်း (၁၀း၁၀း၅)၁၃၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။MIRT(DOTP)
