Main menu

Background

ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်တန်ချိန် လေးထောင်ကျော်နဲ့ ဓာတ်ဆီတန်ချိန် သုံးသောင်းကျော်ဝင်

Wed, 07/24/2013 - 14:48 -- ydnar

ဇူလိုင် ၇ ရက် မှ ဇူလိုင်လ ၁၃ ရက်အတွင်း ဓာတ်ဆီ တန်ချိန် လေးထောင် သုံးဆယ့်ကိုးတန်နဲ့ ဒီဇယ်တန်ချိန် သုံးသောင်းတစ်ထောင်ခုနှစ်ရာ သုံးဆယ့်ခုနှစ် တန်ကို  တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်က တန်ချိန်တစ်ထောင်သာရှိခဲ့ပြီး ဒီတစ်ပတ်အဝင်က တန်ချိန် လေးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် သုံးထောင်ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

ဒီဇယ်က ယခင်တစ်ပတ်မှာ တန်ချိန် သုံးထောင် အဝင်ရှိခဲ့ပြီး ဒီတစ်ပတ်မှာ တန်ချိန် သုံးသောင်းကျော်အဝင်ရှိခဲ့တာကြောင့် ဒီ တစ်ပတ်မှာ တန်ချိန် နှစ်သောင်းရှစ်ထောင်ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ  ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ရက် နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ဒီတစ်ပတ်မှာ မန္တလေး၊ တောင်ကြီးတွင် ဈေးငြိမ်နေသော်လည်း ရန်ကုန်မှာ ဒီဇယ်၊ အောက်တိန်းနဲ့ အဆင့် မြင့် ဒီဇယ်ဈေးများ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။မော်လမြိုင်မှာ ဓာတ်ဆီဈေးငြိမ်ေသော်လည်းဒီဇယ်ဈေးအနည်းငယ်ကျလာပြီးအဆင့်မြင့်ဒီဇယ်ဈေး နှစ်ရာဝန်းကျင်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပမှာ လက်လီရောင်းချ နေတဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးများမှာ ရန်ကုန်မှာ ဓာတ်ဆီဝယ်ဈေး၊ ရောင်းဈေး အနည်း ငယ်မြင့်လာသလို ဒီဇယ်ဝယ်ဈေးအနည်းငယ်မြင့်လာပြီး ရောင်းဈေးငြိမ်နေတယ် လို့သိရပါတယ်။မန္တလေးမှာလည်းဓာတ်ဆီ၊ ဒီဇယ်ဝယ်ဈေး ၊ ရောင်းဈေးအနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်၊ အောက် တိန်းဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ် ဆီဈေးမှာ ငြိမ်နေပေမဲ့ အောက်တိန်း၊ ဒီဇယ်ဈေးနဲ့ အဆင့်မြင့်ဒီဇယ်ဈေးမှာ ဒီတစ် ပတ်မှာလည်း ယခင်တစ်ပတ်ဈေးထက် ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ တစ်လီတာနှုန်းကို တစ်ဆယ်ကျပ်ဈေးမြင့်ရောင်းချတယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၉၁၀ ကျပ်၊ အောက်တိန်း ၉၂၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၃၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီရောင်းချနေတဲ့ ဆိုင် များမှာ ဓာတ်ဆီဝယ်ဈေး၊ ရောင်းဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၂ ရက်မှာတစ်ပီပါဝယ်ဈေး၁၉၃၀၀၀ ကျပ်၊ ရောင်းဈေး၂၀၀၀၀၀ ကျပ် ဈေးရှိခဲ့ရာမှ ဇူလိုင်လ ၁၈ ရက်နေ့မှာ ဝယ်ဈေးတစ်ပီပါ ၁၉၅၀၀၀ ကျပ်၊ ရောင်းဈေး ၂၀၅၀၀၀ ကျပ်ထိ ဈေးမြင့်အရောင်းအဝယ်ဖြစ်တယ်လို့ စက်သုံးဆီဈေးကွက်မှ သိရ ပါတယ်။ ဒီဇယ်ဈေးမှာ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဝယ်ဈေး ၁၈၈၀၀၀ ကျပ်၊ ရောင်းဈေး တစ်ပီပါ ၁၉၃၀၀၀ ကျပ်ရှိရာမှ ဇူလိုင် လ ၁၈ ရက်နေ့မှာ ဝယ်ဈေး တစ်ပီပါ ၁၉၁၀၀၀ ကျပ်ထိ ဈေးမြင့်လာပြီး ရောင်းဈေးကတော့ တစ်ပီပါ ၁၉၃၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန်၃၉၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၂၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၇၀၀-၃၈၀၀ ကျပ်ဝယ်ပြီး ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်းငြိမ်နေ တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင် တစ်ပတ် ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန်၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်၃၉၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာတော့ ဒီဇယ်ဈေး ဝယ်ဈေး၊ ရောင်း ဈေးမြင့်လာသလိုဓာတ်ဆီဈေးကလည်း ဝယ်ဈေး၊ ရောင်းဈေး ဈေးမြင့်လာပါ တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန်ဝယ်ဈေး ၄၁၀၀ ကျပ်၊ ရောင်းဈေး ၄၃၀၀ ကျပ် ဖြစ်ပြီး၊ ဒီဇယ်က ဝယ်ဈေး ၃၈၀၀ ကျပ် ၊ ရောင်းဈေး ၄၀၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးငြိမ်နေပေမဲ့ ဒီဇယ်ဈေးနှုန်းက ငါးဆယ်ကျပ်ဈေးကျပြီး၊ အောက်တိန်းက တစ်ရာ့ငါးဆယ် ဝန်း ကျင်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီရောင်းချတဲ့ ဆိုင်မှာတော့ ဒီဇယ်၊ ဓာတ်ဆီမှာ ဈေးငြိမ်နေပေမဲ့အောက်တိန်းကနှစ်ရာကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၁၀၀ ကျပ်၊ ဒီဇယ် ၄၂၀၀ ကျပ်၊ အောက်တိန်း ၄၃၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။MIRT-DOT