Main menu

Background

အတက်ပြလာသည့် မြန်မာ့ရွှေဈေး ပြန်လည်ကျဆင်းလာပြန်

Wed, 07/24/2013 - 14:49 -- ydnar

ယခုတစ်ပတ်အတွင်း အတက်ပြ လာခဲ့သည့်မြန်မာ့ရွှေဈေးသည် ပြန် လည်ကျဆင်းစပြုလာခဲ့ကြောင်း ရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးကွက်သည် ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်းက ကျပ် ၆၇၀၀၀၀ အထိကျဆင်းခဲ့ပြီးမှ ယခု တစ်ပတ်အတွင်းတွင် ကျပ် ၆၉၂၀၀၀ ဖြင့် အတက်ပြကာ ဈေးဖွင့်ခဲ့သည်ကို တွေ့ရသည်။

ထို့နောက် သုံးရက်မျှ အတက်ပြခဲ့ပြီး ပြန်လည်ကျဆင်းလာခဲ့ သည်။ ပိတ်ရက်များရှိနေ၍ယခုကဲ့သို့ ဈေးကျဆင်းရခြင်းဖြစ်သည်ဟု ဆိုနိုင် သော်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းလာ မှုနှင့်အတူ ငွေလဲနှုန်းပါ ကျဆင်းလာခဲ့ မှုကြောင့် ရွှေဈေး ပြန်လည်ကျဆင်းခဲ့ရ သည်ဟု ရွှေကုန်သည်ဦးစံမြင့်က ဆို သည်။“ဒီတစ်ပတ်မှာ  ရွှေဈေးက အတက်နဲ့ဖွင့်တာ။ ဈေးတက်တော့မယ် ဆိုပြီး ဝယ်တဲ့သူတွေများလာတယ်။ သုံး ရက်လောက်တက်ပြီးမှ ပြန်ကျလာ တယ်။ ငါးထောင်နီးပါးလောက်ကျသွား တဲ့အတွက် ရွှေကို အလျင်စလိုဝယ်တဲ့ သူတွေ ဒုက္ခရောက်တာပေါ့ဗျာ။ ခက် တာက ရွှေဈေးက တက်မယ်ကျမယ် ဆိုတာ အရင်တုန်းကလို ခန့်မှန်းလို့မရ ဘူးဖြစ်နေတာ။ ဒီတစ်ပတ်ထဲမှာ ရွှေ ဈေးကျမယ်လို့ မှန်းထားပေမယ့် တက် လာပြီး အခု ပြန်ကျသွားပြန်ရော။ နောက်ပြီး အခုရက်ပိုင်းမှာက ပိတ်ရက် က လေးရက်တောင်ဆိုတော့ကုန်သည်  တွေ အခက်တွေ့တာပေါ့ဗျာ။ လေးရက် ဆက်ပိတ်တယ်ဆိုရင် အရောင်းအဝယ် က တန့်သလောက်ဖြစ်သွားတယ်။အခု လိုအခါကြီးရက်ကြီးတွေ ပိတ်ရက်ဆက် ရင် ဈေးထိုးကျသွားတာမျိုးတွေတောင် ဖြစ်တတ်တယ်”ဟု ၎င်းကရှင်းပြခဲ့သည်။မြန်မာ့ရွှေဈေးသည် ဇူလိုင်လ ၁၅ရက်နေ့က ကျပ် ၆၉၂၀၀၀ ရှိခဲ့ပြီး ဇူလိုင်လ ၁၇ရက်နေ့တွင်ကျပ် ၆၉၃၅၀၀ သို့မြင့်တက်ခဲ့သည်။ သို့သော် ဇူလိုင်လ ၁၈ရက်နေ့တွင် ကျပ် ၆၈၉၀၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ထို့အတူကမ္ဘာ့ရွှေဈေးသည်လည်း ဇူလိုင်လ ၁၅ရက်နေ့က ၁၂၉၀ဒေါ်လာ ရှိခဲ့ပြီး ဇူလိုင်လ ၁၈ရက်နေ့တွင် ၁၂၇၆ ဒေါ်လာသာရှိခဲ့သည်။    မယ်သီတာ