Main menu

Background

ငွေလဲနှုန်းများအနည်းငယ် ပြန်လည်ကျဆင်းလာ

Wed, 07/24/2013 - 14:50 -- ydnar

ယခုတစ်ပတ်အတွင်း ငွေလဲနှုန်း များ အနည်းငယ်ကျဆင်းလာခဲ့ကြောင်း သိရသည်။ ဗဟိုဘဏ်ဥပဒေကို ထုတ် ပြန်လိုက်ခြင်းနှင့်အတူ အစိုးရက ထိန်း ချုပ်သည့်နှုန်းရှင်စနစ်အစား လွတ်လပ် သည့်နှုန်းရှင်စနစ်ကို ပြောင်းလဲအသုံး ပြုမည်ဖြစ်ရာ အမေရိကန်ဒေါ်လာလဲ လှယ်နှုန်းများ အနည်းငယ်ကျဆင်းလာ ခဲ့ကြောင်း သိရသည်။

ငွေလဲနှုန်းအတက်အကျနည်းပါး စေရန်နှင့်ငွေလဲနှုန်းတည်ငြိမ်စေရန်အ တွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်သောဗဟိုဘဏ်အဖြစ် လုပ် ကိုင်ခွင့်ရရှိစေမည့် ဗဟိုဘဏ်ဥပဒေကို ပြဌာန်းပေးလိုက်သည့်အတွက် ငွေလဲ နှုန်းများ တည်ငြိမ်လာတော့မည်ဖြစ် ကြောင်း၊ ယင်းကဲ့သို့ ငွေလဲနှုန်းများ တည်ငြိမ်လာပါက ငွေလဲမှောင်ခိုဈေး ကွက်များ ပပျောက်သွားနိုင်ကြောင်း ဖြင့် သိမ်ဖြူငွေလဲစင်တာမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။“ဗဟိုဘဏ်ကို လွတ်လပ်စွာလုပ် ကိုင်ခွင့်ပေးလိုက်တာ မှန်ပါတယ်။ အဲဒါ ဆိုရင် ငွေလဲနှုန်းက အတက်အကျအ နည်းငယ်နဲ့ငြိမ်နေတော့မယ်။ ဒါဆိုရင် ငွေလဲမှောင်ခိုဈေးကွက်ဆိုတာ ရှိမှာ မဟုတ်တော့ဘူး။ ဘဏ်တွေကလည်း သူတို့စိတ်ကြိုက် အရောင်းအဝယ်လုပ် နိုင်မယ်။ အောက်ကနေသွားတာမျိုး တွေ ရှိလာမှာမဟုတ်တဲ့အတွက် ငွေစီး ဆင်းမှု မှန်သွားမယ်။ ဒါဆိုရင် တိုင်း ပြည်အတွက် ပိုကောင်းတဲ့လမ်းစဉ်တစ် ခုကို ရောက်သွားနိုင်ပါတယ်”ဟု ၎င်း က ပြောကြားခဲ့သည်။ပြင်ပငွေလဲဈေးကွက်တွင် ငွေလဲ နှုန်းများ ကွာဟနေမှုကြောင့် ဒေါ်လာ မှောင်ခိုရောင်းဝယ်သူများ ပြန်လည် ခေါင်းထောင်လာခဲ့သည်မှာ စိုးရိမ်ဖွယ် ရာပင်ဖြစ်ကြောင်း ၎င်းင်းက ထောက်ပြ ခဲ့သည်။ဇူလိုင်လ ၁၅ရက်နေ့က အမေရိ ကန်တစ်ဒေါ်လာလျှင် သိမ်ဖြူငွေလဲ ကောင်တာတွင် ရောင်းဈေး ၉၈၈ကျပ်၊ ဝယ်ဈေး ၉၇၈ကျပ်ရှိခဲ့ပြီး ပြင်ပငွေလဲ ဈေးကွက်တွင် ရောင်းဈေး ၉၉၂ကျပ်၊ ဝယ်ဈေး ၉၉၀ရှိခဲ့သည်။ ဇူလိုင်လ ၁၈ ရက်နေ့တွင် ငွေလဲစင်တာများ၌ ရောင်း ဈေး ၉၈၇ကျပ်၊ဝယ်ဈေး ၉၇၇ကျပ်ရှိခဲ့ သည်။ ပြင်ပငွေဈေးကွက်တွင် ရောင်း ဈေး ကျပ် ၉၉၀၊ ဝယ်ဈေး ၉၈၈ကျပ် ရှိခဲ့သည်။သို့သော်အေဂျီဒီဘဏ်နှင့်ဧရာဝတီ ဘဏ်တို့သည်တခြားဘဏ်များ ထက် ဈေးပိုပေးကာ ရောင်းဈေး ၉၈၇ ကျပ် ဝယ်ဈေး ၉၈၃ကျပ်ဖြင့် ရောင်းဝယ်နေ ကြောင်းသိရသည်။       မယ်သီတာ