ပြည်တွင်းဈေးကွက်အချို့ စပါးလက်ကျန်နည်းချိန် ဆန်ဈေးအနည်းငယ်မာ

ရန်ကုန်တိုင်းဒေသကြီး၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ ဆန်ဈေးကွက်မှာ ဧည့်မထဆန် လတ်စတစ်အိတ် ၁၆၅၀၀ ကျပ်၊ ပေါ်ဆန်းဆန်လတ်စ တစ်အိတ် ၂၃၅၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေး အနည်းငယ်တက်လာပါတယ်။

ဝါးတန်းကုန်စည်ဒိုင် ဈေးတက်ရခြင်း မှာ ဆန်အဝင်ကျဲချိန် လက်လီဆိုင်သမားများနဲ့ နယ်ပို့သမားအဝယ် သွက်ခဲ့သဖြင့် ဈေးအနည်းငယ် တက်ခဲ့ရခြင်းဖြစ်ကြောင်း ဧရာဝတီမှ ဆန်နဲ့ဆန်ကွဲကိုအညာသို့တိုက်ရိုက်တင်ပို့နေခြင်းနှင့် ဖျာပုံ၊ ဘိုကလေး ဘက်မှ ဆန်များ မြိတ်ဘက်သို့ စက်လှေများဖြင့် တိုက်ရိုက်တင်ပို့မှု ရှိနေသဖြင့် ရန်ကုန်ဒိုင်သို့ ဆန်အဝင်ပါးလာရာ ဆန်ကြမ်းအဝင် ပိုနည်းချိန် ယခုရက်အဝယ်သွက်ခဲ့လို့ ဈေးတက်သွားရခြင်းဖြစ်ပါ တယ်။ တရုတ်မူဆယ်လိုင်းငြိမ်နေပြီး ဆန်ကွဲကို ရန်ကုန်မှ ဝယ်လျှင် မကိုက်၍ ဧရာဝတီမှ တိုက်ရိုက်ဝယ်နေကြောင်း၊ ဆန်မှာ ဒေသသုံး လောက်သာ သွားနေပြီး မူဆယ်ရှိ သိုလှောင်ရုံများတွင် မြန်မာဆန် များ ကျန်ရှိနေသေးကြောင်း ၊ မြဝတီလိုင်းမှာ မသွားတာကြာပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထစပါးဈေး တစ်တင်း ၄၁၄၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၁၇၀၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေး တစ်တင်း ၆၁၃၃ ကျပ်၊ ဆန်လတ်စတစ်အိတ် ၂၅၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှနေတဲ့အချိန်ဖြစ် ပြီး ဝယ်လက်သိပ်မရှိဘူးလို့ သိရပါတယ်။ ဒေသတွင်း စားသုံးမှုသာ ရှိပြီး၊ ပုံမှန်စီးဆင်းမှုရှိနေပါတယ်။ လက်ရှိဈေးကွက်တွင် ရန်ကုန်နှင့် အညာဝယ်လက်များမှ နွေသီးထပ်ရင် ဆန်များအဝယ်သွက်လျက်ရှိ ကြောင်း ပေါ်ဆန်းဆန်ကို လိုအပ်မှသာ မှာယူဝယ်ယူမှုရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ စပါးဈေးတစ်တင်း ၃၉၅၀ ကျပ်၊ ဆန်လတ်စတစ်အိတ် ၁၆၅၀၀ ကျပ်၊ ပေါ်ဆန်းစပါးဈေး တစ်တင်း ၅၅၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၃၀၀၀ ကျပ်ဖြစ်ပါ တယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင်  ဆန်ဈေး၊ စပါးဈေး အနည်းငယ် တက်လာပါတယ်။ တောင်သူများလက်ဝယ် စပါးမရှိသလောက်ဖြစ် နေပြီး၊ ကုန်သည်ပွဲစားများသို့ စပါးရောင်းချမှု နည်းနေသည်ကတစ် ကြောင်း၊  ကုန်သည်ပွဲစားများ လှောင်ထားသည့်စပါးများသာ ထုတ် ကြိတ်ရောင်းချသည့်အတွက် စပါးဈေး၊ ဆန်ဈေးမြင့်တက်လာရခြင်း ဖြစ်ပါတယ်။ အခြားတင်ပို့မှုမှာလည်း ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်၊ တရုတ်-မူဆယ်လိုင်းများသို့ ပုံမှန်ထက်တင်ပို့မှုအနည်းငယ်သွက်နေ ကြောင်း သိရပါတယ်။ စစ်ကိုင်တိုင်းဒေသကြီး၊ ရွှေဘိုမြို့ရဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ စပါး၊ ဆန်ဈေးကွက်မှာ ဧည့်မထ (စောရှုတ်) စပါးဈေး တစ်တင်း ၆၉၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၇၀၀၀ ကျပ်၊ ပေါ်ဆန်းဘေးကြား စပါးဈေး တစ်တင်း ၈၃၀၀ ကျပ်၊ ဆန်လတ်စ တစ်အိတ် ၂၈၀၀၀ ကျပ်ဖြစ်ပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးအနည်းငယ် တက်လာပါတယ်။ စပါးလက်ကျန်နည်းလာပြီ ဖြစ် ပါတယ်။ တောင်သူများလက်ဝယ် မရောင်းကြသေးဘဲ ထိန်းထား၊ ကိုင်ထားကြလို့ ရောင်းသူကြိုက်ဈေးဖြစ်နေပြီး ဝယ်သူက ဈေးပေး ဝယ်နေရတယ်လို့ သိရပါတယ်။ ရောင်းသူရဲ့ ဈေးကွက်အကြိုက်ဖြစ် နေပါတယ်။ နောက်မိုးစပါးမပေါ်ခင်ကာလအထိ ပစ္စည်းနည်းလာ တာနဲ့အမျှ တဖြည်းဖြည်းချင်းဈေးတက်နေအုံးမယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။ ယခုရက်ပိုင်း အရောင်းအဝယ်ဖြစ်နေတာက နွေစပါး သစ်ဖြစ်တာများနေပြီး တစ်တင်း ၄၉၀၀ ကျပ်- ၅၀၀၀ ကျပ်ဈေးဖြစ် ပါတယ်။ ဆန်ဈေးက ၁၈၀၀၀ ကျပ်ဈေးရှိပြီး အရောင်းအဝယ်သွက် နေတယ်လို့ သိရှိရပါတယ်။                     MIRT - DTP