Main menu

Background

ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှ ဆန်များ မှောင်ခိုဝင်ရောက်မှု မြင့်မားနေ

Wed, 07/24/2013 - 14:53 -- ydnar

ထိုင်းအစိုးရက ပြည်တွင်းလယ်သမားများထံမှ စပါးကို ဈေး ကွက် ပေါက်ဈေးထက်မြင့်တဲ့ ဈေးနဲ့ ဝယ်ယူတဲ့ အစီအစဉ်ကြောင့် ထိုင်းပြည်တွင်းသို့ ဆန်မှောင်ခိုဝင်ရောက်မှု မြင့်မားနေတယ်လို့ သိရတယ်။ အထူးသဖြင့် နယ်စပ်ချင်းထိစပ်နေတဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့မှ ဆန်များဝင်ရောက်မှုမြင့်မားကြောင်း၊ ဆန်တန်ချိန် များစွာကို ၁၈ ဘီးထရပ်ကားများ၊ ပစ်ကပ် ဗင်ကားများ စသည်တို့မှာ ဖုံးကွယ် သယ်ဆောင်လာကြပြီး ထိုင်းအစိုးရထံသို့ ဈေးအမြင့်နဲ့ ရောင်းချကြကြောင်း သိရတယ်။

မှောင်ခိုလမ်းကြောင်းမှ တစ်နှစ် အတွင်းကြိတ်ခွဲပြီး ဆန်တန်ချိန် ၇၅၀၀၀၀ မျှ ထိုင်းနိုင်ငံပြည်တွင်းသို့ တရားမဝင် ရောက်ရှိကြကြောင်း သိရတယ်။ ဈေးကွက်အတွင်း မည်သူကမျှ ထိုင်းဆန်နဲ့ ကမ္ဘောဒီးယားဆန်အကြား ကွာခြားချက်ကို မခွဲခြားနိုင်ကြကြောင်း၊ ၎င်း အချက်ကပင် မှောင်ခိုတင်သွင်းတဲ့ ကုန် သည်များအတွက် လုပ်ငန်းအဆင်ပြေချောမွေ့စေကြောင်း ဆန် ကုန် သည်ကြီး အချို့က ဆိုကြတယ်။ ဒီလိုမှောင်ခိုပြဿနာကြီးမားလာခြင်းသည် လက်ရှိဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်အတွက် ခေါင်းကိုက်စရာ ပြဿနာတစ်ရပ်ဖြစ် လာတယ်။ သူမရဲ့ ပါတီအနိုင်ရပြီး အာဏာရယူတဲ့အချိန်မှစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ဆန်ဈေးကွက်ဝင်ရောက်စွက် ဖက်မှု အစီအစဉ်ကြောင့် ယခုလိုမျိုး နောက်ဆက်တွဲပြဿနာကို ကြုံရခြင်းဖြစ်တယ်။ မှောင်ခိုပြဿနာအပြင် ပြည်တွင်းဆန်ဈေး မြင့် မားမှုကြောင့်  FOB  နှုန်းလည်း မြင့်မားကာပြည်ပသို့ တင်ပို့မှုကျ ဆင်းခြင်း၊ ပြည်တွင်းဆန်သိုလှောင်ထားမှု ပမာဏများလာခြင်းနဲ့ ဘတ်ဂျက်လိုငွေပြခြင်းများကိုပါ ရင်ဆိုင်နေရတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိဆန်သိုလှောင်ထားရှိမှု ပမာဏမှာ တန်ချိန် ၁၈ သန်း အထိ ရောက်ရှိနေတဲ့အပြင် သိုလှောင်ထားတဲ့ ဆန်တွေရဲ့ အရည်အသွေးမှာလည်း ကျဆင်းလာပြီဖြစ်ကြောင်း၊ မှောင်ခိုတင် သွင်းလာတဲ့ ဆန်များမှာ အကျိုးအကြေများလည်း ရောပါလာလေ့ရှိ ကြောင်း သိရတယ်။                                     ပပ