Main menu

Background

အမြင့်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ချင်း (ဥမ)

Wed, 07/24/2013 - 15:00 -- ydnar

ပြည်ဈေးကွက်သို့ အောင်ပန်းမှ ချင်း (ဥမ)များပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ဝင်ရောက်မှုရှိပြီး၊ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးမြင့်သွားပါတယ်။ ဈေးမြင့် ပေမဲ့ အရောင်းအဝယ်ပုံမှန်ရှိလျက်၊ ဧရာဝတီတိုင်းနဲ့ ရခိုင် ပြည်နယ်သို့ နေ့စဉ် ပိဿာချိန် ၄၅၀ ခန့်အရောင်းအဝယ်ဖြစ်နေပါတယ်။ချင်း (ဥမ) တစ်ပိဿာ (ရှယ်) ၁၂၀၀ ကျပ် (ဂျွန်) ၁၀၀၀ ကျပ်ရှိပြီး၊ချင်းဓားလှီးသမားများမှအဝယ်ရှိပြီး ဝါတွင်းချင်း သုပ်အလှူအတွက် မျှော်မှန်းပြီးချင်း (ဥမ)များ တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                 ဝင်းဝင်းခိုင်-ပြည်