Main menu

Background

ချင်း(ဥမ)ဈေးကွက်ဝင်တဲ့ ဟိုပုံးချင်းဈေးကွက်

Wed, 07/24/2013 - 15:01 -- ydnar

ဟိုပုံးဈေးကွက်မှာ ချင်း(ဥမ)တွေလည်း ဈေးကွက် ဝင်လာပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ အသစ်တွေစပြီး ဝင်လာပေမယ့် ဒီရက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာနေတာ ကြောင့် အဝင်နည်းနည်းပါးနေပါတယ်။ ဟိုပုံးမှာတော့ ချင်း(ဥမ)က ဒီနှစ်အတွက် နည်းပါတယ်။ တောင်ကုတ်၊ တမူး၊ စစ်တွေစတဲ့ မြို့တွေက အဆွဲများလာတာ ကြောင့် ဈေးကလည်း ကောင်းနေပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ တစ်ပိဿာ ၄၃၀ ကျပ်နဲ့ ဈေးစဖွင့်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်မှာတော့ အိတ်ခွံအပါ၊ ကားပေါ်အရောက် တစ်ပိဿာ ၈၅၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း ချင်း(ဥမ)တွေ အဝယ်လိုက်နေပါတယ်။ Export အဝယ်ရှိတာကြောင့် ဈေးကလည်း ကောင်းနေပါတယ်။ ခြံရှင်တွေကလည်း ကြိုက်ဈေးရနေတာကြောင့် ဖော်ပြီးရောင်းနေကြလို့ အဝင်ကလည်းပုံမှန်ရှိနေပါ တယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၀၀၀၀ - ၂၀၀၀၀ အဝင်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ဝယ်လက်တွေကလည်း ဈေးမြင့် လာတာကြောင့် အဝယ်လည်းနည်းနည်းလျော့သွားတယ်လို့သိရပါတယ်။ချင်းတက် ကတော့မရှိတော့ပါဘူး။ တောင်ကုတ်၊ တမူးနဲ့ စစ်တွေ ကလည်း အောင်ပန်းချင်း (ဥမ)တွေကို တစ်ပတ်အတွင်း ၂ ဒသမ ၆ သိန်းဝယ်ယူသွားတယ်လို့လည်း သိရပါ တယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)ကတစ်ပိဿာ ၈၄၀ ကျပ် - ၈၅၀ ကျပ် ဈေးရှိပါတယ်။                           ဧဧခိုင် - တောင်ကြီး