ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားကုန်စည်ဒိုင်မှာ လဲချား မြို့နယ်က ထွက်တဲ့ ခရမ်းစွဲကြက်သွန်ဖြူများ ဈေးမာပြီး၊ ဝင် သလောက် အရောင်းအဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လဆန်းမှာ ခရမ်းစွဲကြက်သွန်ဖြူတစ်ပိဿာကို ၁၃၅၀ ကျပ်- ၁၄၀၀ ကျပ်ဈေးသာရှိခဲ့ရာက ဇူလိုင် ဒုတိယပတ် အကုန်မှာတော့ (အမြိတ်ပါ)တစ်ပိဿာကို ၁၆၀၀ ကျပ်အထိ ဈေးရှိခဲ့ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
လဲချားခရမ်းစွဲကြက်သွန်ဖြူနဲ့ ရှမ်းပြည်နယ် ထွက် ကြက်သွန် ဖြူများကွာခြားမှုက ခရမ်းရောင်အမွှာသေးသေးနဲ့ စပ်တဲ့ အရ သာ ရှိပြီး၊ လဲချားကုန်စည်ဒိုင်မှ ကုန်သည် လုပ်ငန်းရှင်များက တာချီလိတ်မြို့ရှိ ပွဲရုံလုပ်ငန်းရှင်များထံကို တင်ပို့ရောင်းချ ပါတယ်။ တာချီလိတ်မြို့ခံ ပွဲရုံများက တစ်ဖက်နိုင်ငံကို တရား ဝင် တင်ပို့ရောင်းချကြောင်း၊ တဖက်နိုင်ငံမှ လဲချားခရမ်းစွဲ ကြက်သွန်ဖြူကို စိုက်ပျိုးဖို့ မျိုးအဖြစ် အဓိကဝယ်ယူပြီး၊ မျိုးအဖြစ်မှ ပိုလျှံသည်များကို စားသုံးဖို့ ဈေးကွက်ကို ပြန် လည်ရောင်းချကြောင်း၊ လဲချားကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်အထိ လဲချားကုန်စည်ဒိုင်မှ တာချီလိတ်မြို့ကို ခရမ်းစွဲကြက်သွန်ဖြူ ၃၂၄၂၀၀ ပိဿာ (၅၂၉) တန် တင်ပို့ရောင်းချခဲ့ပါတယ်။မင်းအောင် - တောင်ကြီး