Main menu

Background

အိန္ဒိယ ပြည်တွင်းကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သော ဒေသများတွင် ကြက်သွန်နီ ရောင်းလိုအားကျဆင်းနေသောကြောင့် ဈေးနှုန်းများ မြင့်မားလာ

Wed, 07/24/2013 - 15:19 -- ydnar

အိန္ဒိယပြည်တွင်း ပြည်နယ်အများစုရှိ ကြက်သွန်နီ စိုက် ပျိုး ထုတ်လုပ်တဲ့ ဒေသများမှာ ကြက်သွန်နီရောင်း လိုအား ကျဆင်းနေတာကြောင့် ကြက်သွန်နီဈေးနှုန်းများမြင့်မားလာ တယ်။ အထူးသဖြင့် ဇူလိုင်လဒုတိယပတ်မှာ ဈေးမြင့်မားမှု ပိုမိုအရှိန်ရလာပြီး တစ်ကွမ်တယ်ကို ရူပီး ၂၀၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၃၃၃ ဝန်းကျင်) အထိ ရောက်ရှိလာတယ်။

ယခင်နှစ်က မိုးခေါင်ခြောက်သွေ့မှုကြောင် ၂၀၁၂ ခုနှစ် ဇူလိုင်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ကာလအတွင်း ကြက်သွန်နီ စိုက်ပျိုးဧကကျဆင်းခဲ့တဲ့အတွက် ထုတ်လုပ်မှုကျဆင်းကာ ရောင်းလိုအားကိုပါ ကျဆင်းစေတယ်လို့ သိရတယ်။ ဒီလို ရောင်းလိုအား ကျဆင်းနေချိန်မှာ ကြက်သွန်နီသိုလှောင်မှုများ ပြုလုပ်နေကြခြင်းက ဈေးနှုန်းကို ပိုမိုမြင့်မားစေတယ်လို့ သိရ တယ်။ ပြည်တွင်းကြက်သွန်နီဈေးနှုန်းမြင့်မားနေသော်လည်း ပြည်ပသို့တင်ပို့မှုကိုပိတ်ပင်ခြင်းမရှိကြောင်း သိရတယ်။ ကြက် သွန်နီဈေးမြင့်မားနေသော်လည်းလက်ရှိဘဏ္ဍာနှစ်မှာ အိန္ဒိယ ရဲ့ ကြက်သွန်နီတင်ပို့မှုအခြေအနေကောင်း ကြောင်း၊ ၂၀၁၃ ခုနှစ်ဧပြီမှ ဇွန်လအတွင်း ကြက်သွန်နီတန်ချိန် ၅ ဒသမ ၁၁ သိန်းတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအနေနဲ့ ရူပီး ၇၇၆ ကုဋေရရှိခဲ့ရာ ယခင်နှစ်အလားတူကာလတင်ပို့မှုတန်ချိန် ၅ ဒသမ ၁၈ သိန်း (ဝင်ငွေအနေနဲ့ ရူပီး ၅၀၆ ကုဋေ) ထက်ဝင်ငွေပိုမိုခဲ့တယ်။ပပ