Main menu

Background

ပြည်တွင်းသုံး ပုံမှန်အဝယ်ရှိတဲ့ ရှမ်းနနွင်းဈေးကွက်

Wed, 07/24/2013 - 15:20 -- ydnar

ဒီနှစ်က ချင်းဈေးကောင်းတဲ့ နှစ်ဖြစ်ပြီး၊ နနွင်းကတော့ ခပ်မှန်မှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ် တွေကတော့ ချင်းစိုရောင်းအားကောင်းနေတာကြောင့် ချင်း ခြောက်နဲ့ နနွင်းလည်း အရောင်းအဝယ် ကောင်းလာနိုးနဲ့ လှောင်လက်တွေက စွန့်စားပြီး ဝယ်ယူလိုက်ကြပါသေးတယ်။

ဒါပေမယ့် ဒီတစ်ပတ်တော့ ဒေသတွင်း လှောင်လက်တွေက ဝယ်ယူမှု သိပ်မရှိတော့ဘဲ ပုံမှန်ဝယ်ယူနေကြပြည်တွင်းသုံး ဈေးပတ်သမားတွေဖြစ်တဲ့ ပြည်၊ မုံရွာ၊ ရန်ကုန်၊ နေပြည်တော် မြို့တွေကသာ ဝယ်ယူမှုရှိနေတာကြောင့် ရောင်းအားကတော့ နည်းနည်း ကျသွားပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၄ သောင်းခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါ တယ်။ ဒီတစ်ပတ်နနွင်းပေါက်ဈေးတွေကတော့ ဟိုပုံးနနွင်းက ၇၂၀ကျပ်-၇၃၀ကျပ်၊ အောင်ပန်းနနွင်း ၆၀၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင် - တောင်ကြီး