Main menu

Background

ဒီတစ်ပတ် နနွင်းတင်ပို့မှုပို

Wed, 07/24/2013 - 15:23 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်မှ ၁၃ ရက်နေ့ တာကာလအတွင်း နနွင်း ၁၃၂ တန်ကို ပင်လယ်ရေကြောင်းမှ ပြည်ပနိုင်ငံကို တင်ပိုနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံကို ၃၃ တန်နဲ့ မလေးရှားနိုင်ငံကို ၉၉ တန်တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်မှာ ပင်လယ်ရေကြောင်းလမ်း မှ နနွင်းတင်ပို့ တန်ချိန်က သုံးဆယ်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာနနွင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေကကန်ဒေါ်လာခြောက်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ FOB ဈေးက ယခင်တစ်ပတ် တစ် တန်ကို ကန်ဒေါ်လာ ငါးရာကိုးဆယ်ဝန်းကျင်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တစ်တန်ကို ကန်ဒေါ်လာ ငါးရာနှစ်ဆယ်ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။         MIRT(DOTP)