Main menu

Background

ဇူလိုင်လလယ် မုံရွာဆီထွက် သီးနှံဈေးကွက် စားဆီဈေးငြိမ်ပြီး သီးနှံဈေးလှုပ်

Wed, 07/24/2013 - 15:28 -- ydnar

မုံရွာကုန်စည်ဒိုင် ဇူလိုင်လလယ် ဆီထွက်သီးနှံဈေးကွက်မှာ စားဆီ ဈေး ငြိမ်နေပြီး၊ မြေပဲနဲ့ နှမ်းမျိုးစုံ ဈေး အနည်းငယ် လှုပ်ခဲ့တာတွေ့ရပါတယ်။ မုံရွာခရိုင်အတွင်း စိုက်ခဲ့ကြတဲ့ မိုးကြို နှမ်းဟာ ရာသီဥတုကြောင့် မိုးနဲ့ရေရရှိမှု ပေါ် မူတည်ပြီး၊ တစ်နယ်နဲ့တစ်နယ် သီး နှံ အောင်မြင်မှု ကွာခြားခဲ့ကာ အထွက် လည်းသိသိသာသာလျော့နည်းခဲ့တယ် လို့ ဆိုပါတယ်။

မြေအောက်ရေ မရှိ၊ မိုးရေမရတဲ့ နှမ်းခင်းအများစု တံစဉ် လွတ်ခဲ့တယ်လို့လည်း နှမ်းစိုက်တောင် သူတွေက ပြောပါတယ်။ မြေအောက် ရေနဲ့ ဆည်ရေရရှိတဲ့ နှမ်းခင်းတချို့ ရိတ်သိမ်းလျက်ရှိရာ တစ်ဧက ၅ တင်းမှ ၁၀ တင်းအများဆုံးသာ ထွက်ခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ် မုံရွာ ကုန်စည်ဒိုင် နှမ်းပေါက်ဈေးမှာလည်း တစ်ပတ်အတွင်း ဈေးလှုပ်လျက်ရှိရာ နှမ်းညိုတစ်တင်း အမြင့်ဆုံး ၃၄၀၀၀ ကျပ်မှ အနိမ့်ဆုံး ၃၂၀၀၀ ကျပ်၊ နှမ်းဝါ တစ်တင်း အမြင့်ဆုံး ၃၃၀၀၀ ကျပ်မှ အနိမ့်ဆုံး ၃၂၅၀၀ ကျပ်နဲ့ နှမ်းဖြူ တစ် တင်း အမြင့်ဆုံး ၄၄၀၀၀ ကျပ်မှ အနိမ့် ဆုံး ၄၂၀၀၀ ကျပ်ထိ နေ့စဉ်ပြောင်းလဲမှု ရှိခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ပြော ပါတယ်။ မြေပဲဆန် ဈေးကွက်မှာတော့ ဒိုင်မှာ ပစ္စည်းအဝင်နည်းပြီး၊ လက်ကား အဆွဲမရှိပေမယ့် လက်လီအဝယ်လိုက် လို့ ယခုတစ်ပတ်မှာ ဈေးအနည်းငယ် တက်လာတာတွေ့ရပါတယ်။ ယခု တစ် ပတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးများ အနေနဲ့ မြေပဲဆန်နီတစ်ပိဿာ ၁၈၀၀ ကျပ်၊ မြေပဲဆန်ဖြူတစ်ပိဿာ ၁၉၀၀ ကျပ်နဲ့ မြေပဲလုံးဆန်တစ်တင်း ၃၀၅၀၀ ကျပ်အသီးသီး ဈေးမာခဲ့တာ တွေ့ရပါ တယ်။ စားသုံးဆီ ဈေးကွက်မှာတော့ ယခုတစ်ပတ်လုံး ဈေးငြိမ်ခဲ့ကာ ပဲဆီ တစ်ပိဿာ ၃၂၅၀ ကျပ်၊ နှမ်းဆီတစ် ပိဿာ ၄၀၀၀ ကျပ်နဲ့ စားအုန်းဆီတစ် ပိဿာ ၁၆၈၀ ကျပ် - ၁၆၇၀ ကျပ် အသီးသီးပေါက်ဈေး ဖြစ်ပေါ်ခဲ့ပါ တယ်။ မုံရွာခရိုင် တစ်ဝန်းစိုက်ပျိုးခဲ့ကြ တဲ့ နွေနှမ်းအချို့ ရိတ်သိမ်းနေဆဲဖြစ်ရာ မုံရွာကုန်စည်ဒိုင်ကို နှမ်းအဝင် နေ့စဉ် ရှိနေတယ်လို့ သိရပါတယ်။ထွန်းလှိုင် - မုံရွာ