Main menu

Background

NISSHIN အမှတ်တံဆိပ် အဆင့်မြင့်စားသုံးဆီသန့်ကို ဂျပန်နိုင်ငံမှ တိုက်ရိုက်တင်သွင်းရောင်းချပြီ

Wed, 07/24/2013 - 15:51 -- ydnar

ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် NISSHIN အမှတ်တံဆိပ် အဆင့်မြင့် စားသုံးဆီသန့်ကို ဂျပန်နိုင်ငံမှ တိုက်ရိုက် တင်သွင်းရောင်းချနေပြီဖြစ်ကြောင်း အ ဆိုပါအဆင့်မြင့်စားသုံးဆီကို တင်သွင်း ရောင်းချသည့် တိုးတက်ဝင်းလျှံထရိတ် ဒင်းကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဂျပန်နိုင်ငံမှထုတ်လုပ်သည့်  NISSHIN အမှတ်တံဆိပ်အဆင့်မြင့်  စားသုံးဆီနှင့်ပတ်သက်သည့်မိတ်ဆက်  ပွဲကို ဇူလိုင်လ ၁၇ရက်နေ့က ရန်ကုန် အင်တာနေရှင်နယ်ဟိုတယ်တွင် ကျင်းပ ခဲ့သည်။အဆိုပါအဆင့်မြင့်စားသုံးဆီ သည် ဂျပန်နိုင်ငံတွင် သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားသော လတ်ဆတ်  သန့်ရှင်းသည့် မုန်ညင်းစေ့၊ ပဲပိစပ်စေ့ နှင့် ဟင်းရွက်များကို အခြေခံ၍ အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုလျက် စနစ်တကျရွေးချယ်ကာ နောက်ဆုံး ပေါ်အဆင့်မြင့်နည်း ပညာများဖြင့် ဓာတုဆေး ဝါးကင်းစင်စွာ ထုတ်လုပ် ထားသော စားသုံးဆီဖြစ်ကြောင်း သိရသည်။ယင်း  NISSHIN Salad Oil တွင် သဘာဝအတိုင်းစိုက်ပျိုးထွက်ရှိလာသော လတ်ဆတ်သန့်ရှင်းသည့် သစ်ရွက်၊ သစ် သီးစေ့များမှထွက်ရှိလာသော ကုန်ကြမ်း များကိုသာ အသုံးပြု၍ ထုတ်လုပ်ထား သောကြောင့် အာဟာရ ဓာတ် ပြည့်ဝစွာ ပါဝင်ပြီး ကျန်းမာရေး နှင့်ညီညွတ်ခြင်း၊ ရာသီဥတုကြောင့် အေးခဲပျက်စီးသွား ခြင်း၊ ကြော်လှော်ရာ တွင် အငွေ့ပျံလွယ်၍ မူလအရည် အသွေးနှင့်အရောင် အဆင်းအနံ့ အရသာ ပြောင်းလဲပျက်စီးမှု လုံး၀ မရှိခြင်း၊ သုံးစွဲသူများ၏ကိုယ်ခန္ဓာ ကျန်း မာရေးအတွက် Fatty Crystal   နှင့်ကို လက်စထရောတို့ လုံးဝမပါဝင်သ ဖြင့် နှလုံး၊ သွေးတိုး၊ အာရုံကြောရောဂါ များနှင့်အဝလွန်ခြင်းများကို မဖြစ်ပေါ် နိုင်ခြင်း၊ ဗီတာမင် အီးနှင့် MEGA-3  ပါဝင်သဖြင့် အသက်ရှည်ကျန်းမာမှုကို အထောက်အပံ့ဖြစ်စေခြင်းနှင့်ဘေးဥပဒ် ဖြစ်စေတတ်သောဓာတုဆေးဝါးများ လုံး၀ ကင်းစင်ခြင်းစသည့်အကျိုးကျေး ဇူးများကို ရရှိနိုင်ကြောင်း သိရသည်။အဆိုပါအဆင့်မြင့်စားသုံးဆီကို စိန်ဂေဟာစူပါမားကက်များတွင် တစ်ပိဿာဝင် တစ်ဘူးလျှင် ကျပ် ၆၀၀၀ ဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း သိရ သည်။