Main menu

Background

နော်ဝေနိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့်တယ်လီနောမှ 2G3G စနစ်သုံးမိုဘိုင်းဖုန်းများကို တစ်နှစ်အတွင်းရောင်းချမည်

Wed, 07/24/2013 - 15:53 -- ydnar

နော်ဝေနိုင်ငံအခြေစိုက်ဆက်သွယ် ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တယ် လီနော  (Telenor) အနေဖြင့် အင်တာ နက်ဝန်ဆောင်မှုပါရှိသည့် 2G နှင့် 3G စနစ်သုံးမိုဘိုင်းဖုန်းများကို တစ်နှစ်အ တွင်း ပြည်သူများသို့ရောင်းချပေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပ ဏီ၏အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ် သည့် Peter Furberg က ပြောကြားခဲ့ သည်။

မြန်မာတယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံအတွက် အမှုဆောင်အရာ ရှိချုပ်အဖြစ် နော်ဝေနိုင်ငံသား  Mr. Peter Furbergအားခန့်အပ်ကာ မြန် မာနိုင်ငံ၏ဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်တာဝန်ပေးအပ်ခဲ့သည်။Mr. Peter Furberg က “အခု ဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေး ကွန်ရက်တွေအတွက် စတင်ညှိနှိုင်းမှု တွေ ပြုလုပ်နေပါပြီ။ မြန်မာနိုင်ငံမှာ တပ်ဆင်ပေးမယ့် တယ်လီနောရဲ့ဖုန်း တွေမှာ အင်တာနက်ဝန်ဆောင်မှုကိုပါ တစ်ပါတည်းထည့်သွင်းပေးနိုင်အောင် စီစဉ်ထားရှိပါတယ်။ 2G ရော 3Gပါ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသုံးပြုနိုင်တဲ့မိုဘိုင်းဖုန်းတွေကို ရောင်းချပေးသွားမှာပါ။ ဆင်းကတ် တွေကို ကျပ် ၁၅၀၀ ထက်မများတဲ့ နှုန်းထားအပြင် အံ့သြဖွယ်ရာကောင်း လှတဲ့ဖုန်းခေါ်ဆိုခတွေ ပရိုမိုးရှင်းတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လိုင် စင်ရရှိသွားပါက ရှစ်လအတွင်းပြည်သူ များထံ ရောက်ရှိအောင်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်”ဟု ဇူလိုင်လ ၁၇ရက်နေ့က Park Royal ဟိုတယ် တွင်ကျင်းပခဲ့သည့်သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။တယ်လီနောကုမ္ပဏီသည် မြန် မာနိုင်ငံတစ်ဝန်းတွင် မိုဘိုင်းဖုန်းများ အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိပြီးဆင်းကတ်များဝယ်ယူနိုင်မည့် နေရာပေါင်း ခုနစ်သောင်းခန့်နှင့်ငွေ ဖြည့်ကတ်ဝယ်ယူနိုင်မည့်နေရာပေါင်း တစ်သိန်းခန့်ကို ဖွင့်လှစ်နိုင်ရန် နေရာ များရှာဖွေလျက်ရှိကြောင်း သိရသည်။နော်ဝေနိုင်ငံ Telenor Group သည် နိုင်ငံတကာတွင် မိုဘိုင်းဖုန်း အသုံးပြုသူ ၁၄၈သန်းကျော်ရှိသော ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပြီး ၂၀၁၂ခုနှစ်၏လုပ်ငန်းတွင်း တည်ရှိငွေမှာ နော်ဝေငွေကြေး NOK ၁၀၂ ဘီလီယံရှိပြီး ဝန်ထမ်းပေါင်း သုံး သောင်းဖြင့် လည်ပတ်နေသည့်ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည်ဇွန်လ ၂၇ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရရှိသည့်ကုမ္ပဏီစာရင်း တွင်နော်ဝေနိုင်ငံမှတယ်လီနောကုမ္ပဏီ နှင့်ကာတာနိုင်ငံမှ Ooredoo(Qtel) ကုမ္ပဏီတို့တင်ဒါအောင်မြင်ကြခဲ့ကြသည်။