Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Wed, 07/31/2013 - 11:13 -- ydnar

အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံ သူတွေက အာရှဒေသတွင်းရှိ ရှယ်ယာ များကိုရောင်းမထုတ်ဘဲ ဆက်ထိန်းထား ကြတဲ့ အတွက် ယခု ရက်သတ္တပတ် အတွင်းမှာ တောင်ကိုရီးယားဝမ်က ဦး ဆောင်ပြီး အာရှငွေကြေးတွေ တန်ဖိုး မြင့်တက်ခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့အထိ ယခုရက် သတ္တပတ်အတွင်း အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ က တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ) နဲ့ ထိုင်းနိုင်ငံတို့ရှိ ရှယ်ယာများကို အရောင်းထက်အဝယ် က ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ပိုမို ခဲ့တဲ့အတွက် ဘလွမ်းဘတ်ဂျေပီမော်ဂန် အာရှဒေါ်လာအညွှန်းကိန်းက ဇူလိုင် ၁၉ ရက် နောက်ပိုင်း သုည ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု စီး ပွားရေးအတွက် အထောက်အကူပြု စီး ပွားရေး မူဝါဒလို အပ်မှာဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဘင် အက်စ် ဘာနန်ကီက ယခုလအတွင်း ပြောကြား ခဲ့ပြီး နောက် ပိုင်း ဒေါ်လာ ရောင်းလိုအား တိုးမြှင့်ပေးနေတဲ့ အက် ဆက်ဝယ်ယူမှု အစီအစဉ်ကို ရုပ်သိမ်း တော့မည်ဟူသော စိုးရိမ်စိတ်ကို သက် သာရာ ရစေခဲ့ပါတယ်။ ဒါကြောင့် ထွန်းသစ်စ ဈေးကွက်တွေထဲကို ဘဏ္ဍာ ငွေစီးဝင် တာတွေ မြင့်မားခဲ့ပါတယ်။
 
တရုတ်ယွမ် စီးပွားရေးဖွံ့ဖြိုးနှုန်းတည်ငြိမ်ဖို့ အတွက် အစီအစဉ်တွေတသီကြီးကို ဇူလိုင် ၂၄ ရက်နေ့က ကြေညာခဲ့တဲ့ အပြင် သင့်တင့်ညီမျှတဲ့ အဆင့်နဲ့ ယွမ် ငွေဖလှယ်နှုန်းကို အခြေခံအားဖြင့် တည်ငြိမ်အောင်ဆောင်ရွက်ဖို့ တရုတ် အစိုးရက ကတိပြုခဲ့ပါတယ်။ တရုတ် ပို့ကုန် ဝယ်လိုအားက အားနည်းနေပြီး ပြည်တွင်းစီးပွားရေး တိုးတက်နှုန်းက လည်း နှေးကွေးနေတဲ့ အတွက် တရုတ် အစိုးရက ယွမ်ငွေ တန်ဖိုးကို ဆက် လက် မြင့်တက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ လေ့လာဆန်းစစ်သူတွေက အဓိပ္ပါယ် ကောက်ကြပါတယ်။ ဒါပေမဲ့ တန်ဖိုးကို အကြီးအကျယ် ကျဆင်းခွင့်ပြုမှာလည်း မဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဇူလိုင် ၂၅ ရက်က တရုတ်ဗဟို ဘဏ်ရဲ့ ငွေလဲလှယ်နှုန်းသတ်မှတ်ချက် က တစ်ဒေါ်လာကို ၆ ဒသမ ၁၇၅၉ ယွမ်နှုန်းရှိခဲ့တဲ့ အတွက် ယခုချိန်ထိ အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်ပါတယ်။
အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းတွေနဲ့ ဘဏ်တွေက အမေရိကန်ငွေကြေးကိုရောင်းချမှုတိုး မြင့်လာတဲ့အတွက် ဇူလိုင် ၂၆ ရက်နေ့ က အိန္ဒိယနိုင်ငံဘဏ်အချင်းချင်းရောင်း ဝယ်တဲ့ နိုင်ငံခြား ငွေဈေးကွက်မှာ ရူပီး တန်ဖိုးက သုည ဒသမ ၄၁ ရူပီးမြင့် တက်ပြီး တစ်ဒေါ်လာကို ၅၈ ဒသမ ၇၀ ရူပီးနှုန်းရှိခဲ့ပါတယ်။ ထို့ပြင် ရူပီး တန်ဖိုး ကျဆင်းတာကို ထိန်းချုပ်ဖို့ ဆောင်ရွက်တဲ့ အိန္ဒိယဗဟိုဘဏ်ရဲ့ အစီအမံတွေ၊ ပင်လယ်ရပ်ခြား ဈေး ကွက်မှာ ယန်းနဲ့တခြားငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုးကျဆင်း မှုတို့ကြောင့် ရူပီးတန်ဖိုးပြန်လည်မြင့် တက်ခဲ့တယ်လို့ ငွေကြေးဝယ်ရောင်း သမားတွေက ပြောပါတယ်။
ဂျပန်ယန်း ဂျာမန်စီးပွားရေးမှာ အစီရင်ခံစာ အရ တိုးတက် ကောင်းမွန်လာပြီး အမေရိကန်စီးပွားရေး ကိန်းဂဏန်းတွေ ကျဆင်းခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၂၅ ရက် က ဒေါ်လာနဲ့ဖလှယ်ရာမှာ ယူရို တန်ဖိုး ကတစ်လအတွင်း အမြင့်ဆုံးကို ရောက် ရှိခဲ့ပါတယ်။ ယူရို^ဒေါ်လာဖလှယ်နှုန်း က ဇူလိုင် ၂၄ ရက်က တစ်ယူရိုကို ၁ ဒသမ ၃၁၉၉ ဒေါ်လာနှုန်းရှိရာမှ ဇူလိုင် ၂၅ ရက် ဂရင်းနစ် စံတော်ချိန် ၂၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၂၇၇ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ ယန်းငွေနဲ့ လဲလှယ်ရာမှာ တစ် ဒေါ်လာကို ၁၀၀ ဒသမ ၂၆ ယန်းမှ ၉၉ ဒသမ ၂၄ ယန်းသို့လည်းကောင်း၊ တစ်ယူရိုကို ၁၃၂ ဒသမ ၃၄ ယန်းမှ ၁၃၁ ဒသမ ၇၅ ယန်းသို့လည်းကောင်း အသီးသီးပြောင်းလဲခဲ့ပါတယ်။
မလေးရှားရင်းဂစ် အမေရိကန်ပြည်ထောင်စုစီးပွား ရေးနာလန်ထူမှု ကျဆင်းနေတဲ့ လက္ခ ဏာတွေကြောင့် ထွန်းသစ်စဈေးကွက် တွေရဲ့ဝယ်လိုအားကိုမြှင့်တင်ပေးနေတဲ့ စီးပွားရေးတွန်းအားပေးအစီအစဉ်တွေ ကို အမေရိကန်ဗဟိုဘဏ်က ထိန်းချုပ် လိမ့်မယ်ဆိုတဲ့အတွေးကို ပိုမိုမြင့်မားလာ စေပါတယ်။ ဒါကြောင့် မလေးရှား ရင်းဂစ် တန်ဖိုး ကျဆင်းခဲ့ရပါတယ်။ ဘလွမ်းဘတ်ကပြုစုထားတဲ့ ကိန်း ဂဏန်းတွေအရ ရင်းဂစ်တန်ဖိုးက ယခင် တစ်ပတ်ကထက် သုည ဒသမ ၃ ရာခိုင် နှုန်းနဲ့ ယခင်နေ့ကထက် သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းကာ တစ်ဒေါ်လာ ကို ၃ ဒသမ ၂၀၀၆ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။
တောင်ကိုရီးယားဝမ် တောင်ကိုရီးယားရဲ့စုစုပေါင်း ပြည် တွင်းထုတ်လုပ်မှုက ယခင်သုံးလပတ်က နှိုင်းယှဉ်ရင် ဇွန် ၃၀ ရက်မှာကုန်ဆုံးတဲ့ သုံးလပတ်အတွင်း ၁ ဒသမ ၁ ရာခိုင် နှုန်း တိုးတက်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက် က ထုတ်ပြန်တဲ့ တောင်ကိုရီးယား ဗဟို ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ ဂျီဒီပီတိုးတက်မှုနဲ့ ပြည်ပငွေကြေး  ပေးငွေယူ ရှင်းတမ်းပိုငွေပြတာတွေက ဝမ်တန်ဖိုးကို အထောက်အကူပြု ခဲ့ပါ တယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့ ကိန်း ဂဏန်းများအရ ဆိုးလ်မြို့မှာ ဇူလိုင် ၂၅ ရက် ၁၂ နာရီခွဲမှာရှိတဲ့ ဝမ်ငွေ တန်ဖိုးက ယခု ရက်သတ္တပတ် အတွင်း ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဒေါ်လာကို ၁၁၁၀ ဒသမ ၈၄ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ၂၀၁၀ပြည်နှစ် အတွင်း နိုင်ငံရေး ဆန္ဒပြသူများဟု စွပ်စွဲခဲ့သူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမဲ့ ဥပဒေကြမ်း ကို တင်သွင်းဖို့စီစဉ်တဲ့အတွက် တင်း မာမှု အသစ်တွေဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိလာပါတယ်။ ဒါကြောင့် ဘတ်ငွေ၊ ဘွန်းစာချုပ်နဲ့ရှယ်ယာတွေ တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့ စာ ရင်းဇယား အချက်အလက်များအရ ဘန်ကောက်မှာ ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီ ၃၃ မိနစ်က ဒေါ်လာတန်ဖိုး က သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်း ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၁ ဘတ်နှုန်းရှိခဲ့ပါတယ်။