Main menu

Background

အမေရိကန်ရဲ့ ဘွန်းစာချုပ်ဝယ်ယူရေး အစီအစဉ်ကို စက်တင်ဘာတွင် လျှော့ချမည့်လက္ခဏာရှိ

Wed, 07/31/2013 - 11:13 -- ydnar

ဘလွမ်းဘတ် သတင်းဌာနမှ ကောက်ယူထားသော စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က လစဉ်ဘွန်းစာချုပ်ဝယ်ယူရေးအစီအစဉ် ကို လက်ရှိတစ်လဒေါ်လာ ၈၅ ဘီလီယံ ဝယ်ယူနေရာမှ စက်တင်ဘာကစပြီး ဒေါ်လာ ၆၅ ဘီလီယံဖိုးအထိ လျှော့ ချသွားမှာ ဖြစ်ကြောင်း ဝါးလ်ဘူး လက် တင် စာစောင်မှာ ဖော်ပြထားပါတယ်။

ယခင်လစစ်တမ်းကောက်ယူခဲ့ စဉ် က ဤအမြင်ကိုလက်ခံထားသူစီးပွား ရေးပညာရှင် ၄၄ ရာခိုင်နှုန်းရှိရာမှ ဇူလိုင် ၁၈ ရက်မှ ၂၂ ရက်အတွင်း ကောက်ခံသောစစ်တမ်းအရစီးပွားရေး ပညာရှင် ၅၀ ရာခိုင်နှုန်းအထိရောက် ရှိလာခဲ့ပါတယ်။ ဘွန်းစာချုပ်အဝယ် လျှော့ချလိုက်တဲ့အတွက် မူဝါဒတင်း ကျပ်မှုဖြစ်စေမှာ မဟုတ်ပါဘူးလို့ ဘာ နန်ကီကပြောကြားပြီးနောက်ပိုင်း ၁၀ နှစ်သက်တမ်းရှိငွေတိုက်စာချုပ်တွေရဲ့ အတိုးနှုန်းက နှစ်နှစ်အတွင်းအမြင့်ဆုံး ဖြစ်ခဲ့တဲ့ နှုန်းကနေဆက်လက်ကျဆင်း နေပါတယ်။ ဇူလိုင် ၃၀-၃၁ ရက်မှာပြုလုပ်မဲ့ အစည်းအဝေးမှာ ပြည်ထောင်စုလွတ် လပ်သောဈေးကွက်ကော်မတီက ဘွန်း စာချုပ်ဝယ်ယူတာတွေကို စတင်လျှော့ ချလိမ့်မယ်လို့ ယူဆတဲ့သူက စစ်တမ်း ကောက်ယူထားတဲ့ စီးပွားရေးပညာရှင် ၅၄ ထဲမှာ တစ်ဦးမျှပါဝင်ခြင်း မရှိပါ ဘူး။ ပထမအကြိမ်စတင်လျှော့ချမဲ့ အခါမှာတော့ ကော်မတီက လစဉ်ဘွန်း စာချုပ်ဝယ်ယူတာကို ဒေါ်လာဘီလီယံ ၂၀ လျှော့ချမယ်လို့ ခန့်မှန်းကြပါ တယ်။ ဒီလိုဝယ်ယူရာမှာ ငွေတိုက်စာ ချုပ်ကဒေါ်လာ ၃၅ ဘီလီယံဖိုးနဲ့ အပေါင်ထားအာမခံစာချုပ်စာတမ်းတွေ က ဒေါ်လာဘီလီယံ ၃၀ ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ထောင်စုဗဟိုဘဏ်က စာ ချုပ်စာတမ်းတွေဝယ်ယူတာကို လာမဲ့ နှစ် ဒုတိယသုံးလပတ်မှာ ရပ်နားလိမ့် မယ်လို့ စီးပွားရေးပညာရှင်ထက်ဝက် က ခန့်မှန်းပါတယ်။