Main menu

Background

တရုတ်ယွမ်ကို နိုင်ငံတကာ ငွေကြေးအဖြစ်တက်လှမ်းရာတွင် ဟောင်ကောင်က အဓိကနေရာ ဖြစ်လာ

Wed, 07/31/2013 - 11:21 -- ydnar

ယခုအချိန်ကနေ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ယွမ်ငွေကြေးကို အပြည် ပြည်ဆိုင်ရာငွေကြေးဖြစ်အောင် ကြိုး ပမ်းခဲ့တဲ့ လမ်းကြောင်းမှာ ၂၀၁၃ ခုနှစ် မေလဟာ ထူးခြားတဲ့လတစ်လဖြစ်ခဲ့ တယ်  ဆိုတာကို လူတိုင်းကသဘော တူကြမှာ ဖြစ်ကြောင်း ထိုင်းနေရှင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဟောင်ကောင်ငွေကြေးအာဏာ ပိုင်အဖွဲ့ရဲ့အဆိုအရ အဖွဲ့ရဲ့ငွေကြေး ပေးချေးမှုမှာ ယွမ်နဲ့ပေးချေတာက ဟောင်ကောင်ဒေါ်လာနဲ့ပေးချေတာကို ပထမဆုံးအကြိမ်အဖြစ်ကျော်တက်ခဲ့ တယ်လို့ ဆိုပါတယ်။ ယွမ်ငွေကြေးကို ပြည်ပစီးပွားရေး လုပ်ငန်းတွေမှာ ၂၀၀၄ ခုနှစ်ကစပြီး ဟောင်ကောင်မှာ သုံးစွဲခဲ့တဲ့အချိန်က စပြီး တရုတ်ပြည်မကြီးက ကမ္ဘာ့ကုန် သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ သူ့ရဲ့ငွေ ကြေးကိုအသုံးပြုဖို့ အကြီးအကျယ်တိုး မြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မှာ တရုတ်နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု မှာ ပေးချေရတဲ့ငွေအနက် ၁၂ ရာခိုင် နှုန်းကယွမ်ငွေကြေးနဲ့ ဖြစ်ပြီးတန်ဖိုး အားဖြင့် ယွမ် ၂ ဒသမ ၉ ထရီလီယံ ဖိုးရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သုံးပုံ တစ်ပုံအထိမြင့်တက်လာလိမ့်မယ်လို့ ံှဃြ ကခန့်မှန်းထားပါတယ်။ ထို့ အတူ ယွမ်ငွေကြေးနဲ့ ပြည်ပမှာရင်းနှီး မြှုပ်နှံမှုကလည်း မြင့်တက်နေပါတယ်။ ဒင်ဆန်ဘွန်းဆိုတဲ့ ဘွန်းစာချုပ်တစ်မျိုး ကိုစတင်ရောင်းချခဲ့ပြီးနောက်ပိုင်း ဒီ ဘွန်းစာချုပ်တွေကို ဟောင်ကောင်မှာ ထုတ်ဝေခဲ့ကာ ၂၀၀၇ ခုနှစ်မှာ ယွမ် ၁၀ ဘီလီယံရှိရာက ၂၀၁၂ ခုနှစ်မှာ ၂၇၆ ဘီလီယံထိရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ယွမ်ဘီလီယံ ၂၈၀ ကနေ ယွမ် ဘီလီယံ ၃၆၀ ထိရှိလာလိမ့်မယ်လို့ ံှဃြ ကခန့်မှန်းပါတယ်။ ဟောင်ကောင်မှာ ယွမ်ငွေကြေး နဲ့ ပေးချေမှုပမာဏတိုးတက်လာတာ ကဟောင်ကောင်အတွက် ပင်လယ်ရပ် ခြားယွမ်ငွေကြေးစင်တာအဖြစ် ထူးထူး ခြားခြားတိုးတက်မှုကို ဖြစ်စေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းမှာ ပင်လယ်ရပ် ခြားမှာ ယွမ်ငွေကြေးအတွက် စင်တာ နှစ်ခုကို တရုတ် (တိုင်ပေ) နဲ့ စင်ကာပူ မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ သမိုင်း အစဉ်အလာနဲ့ ပထဝီဝင်အနေအထား အရ ဟောင်ကောင်ကို ကျော်ဖြတ်နိုင် ခြင်းမရှိခဲ့ပါဘူး။