Main menu

Background

တောင်ကိုရီးယား စမတ်ရိုဘော့ ထုတ်လုပ်သူတွေက ပြည်ပမှာ ဈေးကွက်ရှာ

Wed, 07/31/2013 - 11:23 -- ydnar

ပြည်တွင်းဈေးကွက်မှာ ပညာသင် ကြားရေးအထောက်အကူပြုရိုဘော့စက် ရုပ်တွေရဲ့ ဝယ်လိုအားမရှိတဲ့အတွက် တောင်ကိုရီးယားရဲ့ မိုဘိုင်းဖုန်းနဲ့မိုဘိုင်း စမတ်ရိုဘော့ ထုတ်လုပ်ရေး လုပ်ငန်း နှစ်ခုက ပြည်ပဈေးကွက်တွေဘက်ကို မျက်နှာမူလာကြောင်း ကိုရီးယားဟာ ရယ်သတင်းမှာဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ကုမ္ပဏီ များက Kibot 1 နဲ့ Kibot 2 ဆိုပြီး ပထမနဲ့ဒုတိယရိုဘော့နှစ်ခုကို ထုတ် လုပ်ခဲ့ပါတယ်။ ဒီလို ထုတ်လုပ်ပြီး ဒုတိယအကြီးဆုံး မိုဘိုင်း ဝန်ဆောင်မှု လုပ်ငန်းကြီးဖြစ်တဲ့ KT က ဈေးကွက် သစ်ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီကွန်ဆက်သွယ်ရေးကုမ္ပဏီကြီး ရဲ့ အရောင်းတွေ နှေးကွေးကျဆင်းပြီး စတော့ရှယ်ယာဈေးတွေ ဒလဟောထိုး ကျခဲ့ပါတယ်။ စက် အရေအတွက် ၂၀၀၀၀ လောက်ပုံနေပြီး မရောင်းရဘဲ ဖြစ်နေကြောင်း သတင်းတွေမှာဖော်ပြ ကြပါတယ်။ တစ်ဆက်တည်းမှာ ဒီနှစ်ကုန်မှာ ထုတ်လုပ်ဖို့ဆောင်ရွက်ထားတဲ့ မျိုး ဆက်သစ်ရိုဘော့ထုတ်လုပ်ရေးကိုလည်း ရပ်ဆိုင်းထားရကြောင်း သတင်းရရှိပါ တယ်။ ရရှိထားတဲ့ကိန်းဂဏန်းတွေက တရားဝင်အရင်းအမြစ်ရရှိထား တာမဟုတ် တဲ့အပြင် Kibot 3 ကိုလည်း မထုတ် လုပ်ရသေးပါဘူးလို့ပြောပြီး ရောင်းချမှု နဲ့ပတ်သက်ပြီး ပြောကြားဖို့ KT က ငြင်းဆိုပါတယ်။ ပလပ်စတစ်နဲ့သတ္တု ပစ္စည်းတွေနဲ့နှိုင်းယှဉ်ရင် မိုဘိုင်းပညာ သင်ကြားရေးအထောက် အကူပြုအပလီ ကေးရှင်းတွေက သယ်ယူသုံးစွဲရလွယ် ကူတဲ့ ပစ္စည်းတွေပေါများလာတဲ့ အတွက် စမတ်ရိုဘော့လုပ်ငန်းတွေရဲ့ ဆွဲဆောင်မှုကျဆင်းခဲ့ရကြောင်း ဝေဖန် ဆန်းစစ်သူတွေက ပြောပါတယ်။