Main menu

Background

ထိုင်းနိုင်ငံရဲ့ ဖရန်ချိုက်လုပ်ငန်းတွေ တိုးတက်မည်ဟု ခန့်မှန်း

Wed, 07/31/2013 - 11:23 -- ydnar

အာဆီယံဒေသတွင်းမှာ ထိုင်းနိုင် ငံက လုပ်ငန်းခွဲဝေလုပ်ပိုင်ခွင့်ပေးတဲ့ စီးပွားရေး (Franchise Business) လုပ်ငန်းတွေ ယခုနှစ်အတွင်းမှာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ထိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးမြှင့် တင်မှုအဖွဲ့  (DITP)  ကခန့်မှန်းထား ကြောင်း ထိုင်းနယူးစ်သတင်းမှာ ဖော် ပြထားပါတယ်။

၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်း (အေအီးစီ) ကို ဖွဲ့ စည်းပြီးတဲ့အခါဒီလိုလုပ်ငန်းမျိုးတွေ တိုး ချဲ့ကျယ်ပြန့်လာမယ့်အလားအလာတွေ ရှိနေတဲ့အတွက် ထိုင်းနိုင်ငံရဲ့လုပ်ငန်း ခွဲ ေ၀ လုပ်ကိုင်ခွင့်ပေးတဲ့ စီးပွားရေးလုပ် ငန်းတွေ တိုးတက်အောင် ထောက်ပံ့ ပေးဖို့အတွက် DITP  က စိတ်ဝင်စား ကြောင်း DITP  ရဲ့ ညွှန်ကြားရေးမှူးချုပ် ဆရီရပ်ရပ်စတာပါနာ ကပြောပါတယ်။ အာဆီယံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမြင့် တက်နေတဲ့အတွက် လုပ်ပိုင်ခွင့်ခွဲေ၀ ပေးတဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာ လူ ကြိုက်အများဆုံးဖြစ်နိုင်မဲ့အမျိုးအစား သုံးခုကစားသောက်ဆိုင်လုပ်ငန်း၊ မုန့် ဖုတ်လုပ်ငန်းနဲ့ အဖျော်ယမကာအပြင် တခြားအထောက်အကူပြုလုပ်ငန်းတွေ ဖြစ်မယ်လို့ သူမကပြောပါတယ်။ လွန် ခဲ့တဲ့နှစ်တွေအတွင်း တိုင်းပြည်စီးပွားရေး မှာ ဒီလုပ်ငန်းတွေရဲ့ပါဝင်မှုက ၆ ရာ ခိုင်နှုန်းအထိတိုးတက်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံကို သူမကနမူနာအဖြစ် ထုတ်ပြ ပါတယ်။ ယခု ၂၀၁၃ ခုနှစ်အတွင်းမှာ ထိုင်း နိုင်ငံရဲ့ လုပ်ပိုင်ခွင့်ခွဲဝေပေးတဲ့ စီးပွား ရေးလုပ်ငန်းက စီးဝင်လာမဲ့ဝင်ငွေက ဘတ် ၁၆၈ ဘီလီယံထိရှိလာမှာဖြစ် တဲ့အတွက် နှစ်အလိုက်တိုးတက်မှုက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိရှိမယ်လို့ ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းပါတယ်။