Main menu

Background

ပထမနှစ်ဝက်တွင် ZTE ရဲ့ ဝင်ငွေ မြင့်တက်ခဲ့

Wed, 07/31/2013 - 11:26 -- ydnar

ဖုန်းကွန်ရက်အတွက် ပစ္စည်းကိရိ ယာတွေထုတ်လုပ်ရာမှာ တရုတ်နိုင်ငံ ရဲ့ ဒုတိယအကြီးဆုံးကုမ္ပဏီဖြစ်တဲ့ ZTE ကော်ပိုရေးရှင်းက  ပထမ နှစ်ဝက် အတွင်း ဝင်ငွေမြင့်တက်လာခဲ့ပြီးနောက် ဟောင်ကောင်ဈေးကွက်မှာ ငါးနှစ်အ တွင်းအမြင့်ဆုံးအခြေအနေသို့ရောက်ရှိ ခဲ့ကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြ ထားပါတယ်။

ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးက ၁၅ ရာခိုင်နှုန်းအထိ မြင့်တက် လာတဲ့ အတွက် ၂၀၀၈ ခုနှစ်အောက်တိုဘာ နောက်ပိုင်းအမြင့်ဆုံးကို ရောက်ရှိခဲ့ပါ တယ်။ ကုမ္ပဏီရဲ့ အသားတင် ဝင်ငွေက ဇွန်မှာကုန်ဆုံးတဲ့ခြောက်လတာ ကာလ အတွင်း ၂၃ ရာခိုင်နှုန်းမြင့်တက်ပြီး ယွမ် ၃၀၂ ဒသမ ၃ သန်း (ဒေါ်လာ ၄၅ သန်း) ရှိခဲ့ကြောင်း ဇူလိုင် ၂၃ ရက်က တင်သွင်းတဲ့ကုမ္ပဏီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရောင်းချရာမှာ ကုန်ကျငွေနဲ့ သု တေသနနဲ့ဖွံ့ဖြိုးမှုလုပ်ငန်းတွေရဲ့ အသုံး စရိတ်တွေကိုလျှော့ချနိုင်မှုကြောင့်ZTE ရဲ့အမြတ်ငွေကိုမြင့်တက်စေခဲ့တဲ့အပြင် ဈေးနှုန်းကျဆင်းတဲ့ဒဏ်ကိုထိန်းချုပ် ပေး နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒုတိယ နှစ် ဝက်မှာ ကုမ္ပဏီအရှုံးပေါ်ခဲ့ပြီး နောက် ပိုင်း ရှယ်ယာတချို့ကို ZNV Tech-nology  ကုမ္ပဏီထံ ရောင်းချခဲ့ပါတယ်။ ZTE ရဲ့ စီးပွားရေး အခြေခံတွေ ပြန်လည်တိုးတက်ကောင်းမွန်လာပြီး ဒုတိယနှစ်ဝက်မှာ မူလလမ်းကြောင်း ပေါ်ကိုပြန်ရောက်တော့မှာဖြစ်ကြောင်း ဟောင်ကောင်ရှိ BOCI  Research  ကုမ္ပဏီမှ လေ့လာဆန်းစစ်ရေးမှူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဟန်းဆက်တွေနဲ့ ဒေတာကတ်တွေ ဝယ်လိုအားကျဆင်းတဲ့အတွက် ကုမ္ပဏီ ဝင်ငွေက ပထမနှစ်ဝက်မှာ ၁၂ ရာခိုင် နှုန်းကျဆင်းပြီး ယွမ် ၃၇ ဒသ ၇ ဘီလီ ယံသာရှိခဲ့ပါတယ်။