Main menu

Background

အိန္ဒိယ စီးပွားရေးလုပ်ငန်းတို့က ဖောက်သည်ထောက်ပံ့မှုကို ကျင့်သုံးလာ

Wed, 07/31/2013 - 11:27 -- ydnar

အာရှ ဒေသတွင်းမှာရှိတဲ့ စီးပွား ရေးလုပ်ငန်းတွေက ချမှတ်ကျင့်သုံးနေ တဲ့ နည်းပညာဝယ် ယူရေးမဟာဗျူဟာ တွေရဲ့ အလားအလာနဲ့အကျိုးကျေးဇူး တွေဖော်ထုတ်နိုင်ဖို့အတွက် ဆောင် ရွက်ခဲ့တဲ့ စစ်တမ်းကောက်ယူတွေ့ရှိချက် တွေကို Cisco System ကုမ္ပဏီရဲ့ လက်အောက်ခံ အေဂျင်စီက Cisco Capital  ကိုယ်စား Forrester Consulting  အတိုင်ပင်ခံအဖွဲ့က ထုတ်ပြန် ခဲ့ကြောင်းInfotechlead  ဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ၊ တရုတ်နဲ့ သြစတြေးလျ နိုင်ငံတွေမှာ သတင်း အချက်အလက်၊ ဆက်သွယ်ရေးနဲ့ နည်းပညာ (အိုင်စီတီ) ဝယ်ယူရာမှာ ပြင်ပမှ ငွေကြေးထောက်ပံ့ မှုအဖြစ် ဖောက်သည်ငွေကြေးထောက် ပံ့မှု (Vendor Financing) ကို သဘောကျနှစ်ခြိုက်စွာ သုံးလာကြတာ တွေ့ရကြောင်း စစ်တမ်းမှာဖော်ပြထား ပါတယ်။ ဒေသတွင်းမှာ နည်းပညာဝယ် ယူမှုမဟာဗျူဟာတွေကို ဆောင်ရွက်တဲ့ အခါ အမျိုးမျိုး ဖြန့်ခွဲဆောင်ရွက်ကြ တာကို အိန္ဒိယ၊ သြစတြေးလျနဲ့ တရုတ် နိုင်ငံတွေမှာ ဆောင်ရွက်ခဲ့တဲ့စစ်တမ်း တွေအရ သိရပါတယ်။ ဖောက်သည်ကို ငွေကြေးထောက်ပံ့မှုပေးတဲ့နည်းကို အသုံးပြုရာမှာ အဓိကနည်းပညာကူး ပြောင်းမှုတွေက ဖွံ့ဖြိုးမှုကို တိုးမြှင့်ပေး လိမ့်မယ်လို့ စစ်တမ်းမှာ အလေးပေး ဖော်ပြထားပါတယ်။ ဖောက်သည်ကို ထောက်ပံ့မှုပေး တာက အိန္ဒိယနိုင်ငံတစ်ဝန်းက စီးပွား ရေးလုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးထောက် ပံ့မှုမဟာဗျူဟာတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် တစစတိုးပွားပါဝင် လာတာကို Forrester စစ်တမ်းမှာညွှန် ပြနေကြောင်း Cisco Capital   ရဲ့ အာရှ ပစိဖိတ်၊ ဂျပန်နဲ့ တရုတ်နိုင်ငံဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ ရာဂျစ်မီနွန်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ စီး ပွားရေးလုပ်ငန်းတွေက နည်းပညာဆိုင် ရာ ပစ္စည်းတွေဝယ်ယူဖို့အတွက် ဖောက် သည်ငွေကြေးထောက်ပံ့မှုကို အသုံးပြု ကြောင်း  forrester consulting က ပြုလုပ်တဲ့ စစ်တမ်းအရ သိရပါတယ်။ ကုန်ချောထုတ်လုပ်မှုနဲပ အိုင်စီတီ လုပ်ငန်းတွေက ဖောက်သည်ထောက်ပံ့ မှုကို အသုံးပြုရာမှာ အသားကျနေကြ ပြီး သူတို့နောက်မှာ ဘဏ္ဍာရေးဝန် ဆောင်မှုလုပ်ငန်းတွေ ပါဝင်ပါတယ်။အိန္ဒိယနိုင်ငံမှာ ဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရ လာမဲ့ ၁၂ လအတွင်း စီးပွားရေးလုပ်ငန်းတွေက ပြင်ပထောက် ပံ့မှုတွေတိုးချဲ့ဆောင်ရွက်သွားမှာကို တွေ့ရကြောင်း စစ်တမ်းမှာဖော်ပြထား ပါတယ်။