Main menu

Background

၂၀၁၄ တွင် ရွှေရောင်းဝယ်ရေး ဒိုင်တစ်ခု တောင်ကိုရီးယား၌ ဖွင့်လှစ်မည်

Wed, 07/31/2013 - 11:31 -- ydnar

အများပြည်သူဈေးကွက်မှာ ရွှေကို  အရောင်းအဝယ်ပြုလုပ်နိုင်ဖို့အတွက် လာမဲ့ ၂၀၁၄ ခုနှစ်မှာ တောင်ကိုရီးယား နိုင်ငံက ရွှေအရောင်းအဝယ် စင်တာ တစ်ခုကို ဖွင့်လှစ်မယ်လို့ ဇူလိုင် ၂၂ ရက်နေ့ က တောင်ကိုရီးယားဘဏ္ဍာရေး ကြီးကြပ်ရေး အဖွဲ့က  ပြောကြောင်း ကိုရီးယား ဟာရယ်သတင်းမှာ ဖော်ပြ ပါတယ်။

ရွှေလက်ငင်းဈေးကွက် သို့မဟုတ် ရွှေရောင်းဝယ်ရေးဒိုင်ကို ၂၀၁၄ ခုနှစ် ပထမသုံးလပတ်မှာဖွင့်လှစ်မှာဖြစ်လို့ ရွှေ ကို  ရှယ်ယာတွေလို  ဈေးကွက်မှာ ရောင်းလို့ဝယ်လို့ရတော့မှာဖြစ်ကြောင်း ဘဏ္ဍာရေးဆောင်ရွက်မှုကော်မရှင် (FSC)က ပြောပါတယ်။ အခွန်ကိုတိမ်း ရှောင်လိုတဲ့အတွက် မြေအောက်မှောင် ခိုရောင်းဝယ်တာတွေ ကြီးထွားလာတဲ့ နောက်ပိုင်း ယခုလိုစတင်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ မြေအောက်မှောင်ခို ရောင်းဝယ်မှု က တောင်ကိုရီးယား နှစ် စဉ်ရွှေရောင်းဝယ်မှုရဲ့ ထက်ဝက်ကျော် နီးပါးရှိတယ်လို့ ကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။ သက်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့သူတွေကို ကုန်စည်ဒိုင်အဖွဲ့ဝင် အဖြစ် လိုင်စင်ထုတ်ပေးမှာဖြစ်ပါတယ်။ လိုင်စင်ရယူဖို့အကျုံးဝင်သူတွေထဲမှာ ရွှေရည်ကျိုသူတွေ၊ ရွှေသွင်းကုန် လုပ်ငန်းရှင်တွေအပြင် ရွှေလက်မှု လုပ်ငန်းတွေနဲ့ ဖြန့်ချိသူတွေလည်း ပါဝင် ပါမယ်။ ဘဏ္ဍာရေးလုပ်ငန်းကော်မရှင် ရဲ့အဆိုအရ အာဏာရပါတီနဲ့ ဝန်ကြီး အဖွဲ့တို့အကြိမ်ကြိမ်ဆွေးနွေးပြီးနောက် ပိုင်း မူဝါဒများကို အပြီးသတ်ရေးဆွဲ ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။