Main menu

Background

ထိုင်းကွန်ပျူတာနဲ့ အီလက်ထရွန်းနစ်လုပ်ငန်းတွေအတွက် နိုင်ငံခြားလုပ်သားလို

Wed, 07/31/2013 - 11:35 -- ydnar

ထိုင်းနိုင်ငံကွန်ပျူတာနဲ့ အီလက် ထရွန်းနစ်ထုတ်လုပ်ရေးမှာ လုပ်သားလို အပ်ချက်ပြဿနာ ကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားလုပ်သားတွေကို ပိုမိုခန့်ထားခွင့် ပြုမဲ့အစီအစဉ်ကို ထိုင်းစီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းကော်မတီက အဆိုပြုထား ကြောင်း ထိုင်းနိုင်ငံနေးရှင်း သတင်းမှာ ဖော်ပြထားပါတယ်။

ယခုနှစ်မှာ ပို့ကုန်တွေထူးထူးခြား ခြားကျဆင်းမှုကြောင့် ဒီပြဿနာပေါ်ခဲ့ ရတယ်လို့ဆိုပါတယ်။ ကွန်ပျူတာနဲ့ကွန်ပျူတာအစိတ် အပိုင်းတွေတင်ပို့မှုက ယခုနှစ်ပထမငါး လမှာ ၈ ဒသမ ၈၁ ရာခိုင်နှုန်းကျဆင်း ပြီး ဒေါ်လာ ၇ ဒသမ ၂၈ ဘီလီယံသာ ရှိမှာဖြစ်ကြောင်းနဲ့ အီလက်ထရွန်းနစ် လျှပ်စီးပတ်လမ်းတွေတင်ပို့မှုက သုည ဒသမ ၆၅ ရာခိုင်နှုန်းကျဆင်းပြီး ဒေါ်လာ၂ ဒသမ ၆၈ ဘီလီယံသာရှိမှာ ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုမြှင့်တင်ရေးဌာနရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ကွန်ပျူတာ ထုတ်လုပ်မှုကဏ္ဍက ထိုင်းနိုင်ငံပို့ကုန်မှာ အဓိကထုတ်ကုန်တွေဖြစ်တဲ့အတွက် ဒီကဏ္ဍရဲ့ပို့ကုန်ကို ပိုမိုတိုးမြှင့်ဖို့အရေး တကြီးလိုအပ်နေကြောင်း ဝန်ကြီးဌာန က ပြောပါတယ်။ ပို့ကုန်တင်ပို့မှုကျဆင်းရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် လုပ်ငန်းကဏ္ဍရဲ့ ၅၀ ရာခိုင်နှုန်းကျော် မှာ ကျွမ်းကျင်လုပ်သားရှားပါးတဲ့ အတွက်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီ ပြဿနာကိုဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံ ထဲကို လုပ်သားတွေဝင်လာအောင် ထိုင်းနိုင်ငံက တခြားနိုင်ငံတွေနဲ့ နား လည်မှုစာချွန်လွှာတွေရေးထိုးဖို့လိုအပ် ကြောင်း ဝန်ကြီးဌာနကအဆိုပြုထား ပါတယ်။ နိုင်ငံခြားသွားပြီး အလုပ်လုပ် နေတဲ့ကျွမ်းကျင်လုပ်သားတွေ ပြည် တော်ပြန်လာပြီး ပြည်တွင်းလုပ်ငန်းတွေ မှာဝင်ရောက် လုပ်ကိုင်လာအောင် အစိုး ရကအားပေးဖို့ ဝန်ကြီးဌာနက တိုက် တွန်းထားပါတယ်။ သက်မွေးဝမ်းကျောင်းသင်ပြတဲ့ ကျောင်းတွေမှာလိုအပ်တဲ့ကျွမ်းကျင်မှု တွေသင်ယူဖို့ ထိုင်းလူငယ်လူရွယ်တွေ ကို အားပေးသင့်ကြောင်း တင်ပြထားပါ တယ်။ လောလောဆယ်မှာ ပုံမှန်ပညာ ရေးနဲ့သက်မွေးဝမ်းကျောင်းတွေမှာ တက်ရောက်နေသူက ၆၀ ဒသမ ၄၀ ရှိနေတဲ့အတွက် ကုန်ချောထုတ်လုပ်မှု ကဏ္ဍကို အထောက်အကူပေးနိုင် အောင် ၅၀း၅၀ အထိတိုးမြှင့်ဖို့လည်း အဆိုပြုထားပါတယ်။ ပုဂ္ဂလိကလုပ်ငန်း တွေကလည်း ကျွမ်းကျင်လုပ်သားတွေ ရဲ့ဝင်ငွေအဆင့်မြှင့်ပေးဖို့ အဆိုပြုထား ပါတယ်။ ထို့ပြင် ဥရောပနဲ့အမေရိကန်ပြည် ထောင်စုအစား အိန္ဒိယ၊ အရှေ့အလယ် ပိုင်း၊ အာဆီယံနဲ့ရုရှားလို ထွန်းသစ်စ ဈေးကွက်တွေကို ပိုမိုတင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်ဖို့လည်းအဆိုပြုပါတယ်။