အရှိန်အဟုန်ပြင်းထန်တဲ့ဖွံ့ဖြိုး တိုး တက်မှုနဲ့လူလတ်တန်းစားကျယ်ပြန့်လာ မှုစတာတွေကြောင့် သူတို့ရဲ့စီးပွားရေး အလားအလာတွေနဲ့ပတ်သက်တဲ့အရှေ့ တောင်အာရှဒေသက စားသုံးသူတွေ ဟာ ကမ္ဘာပေါ်မှာ ယုံကြည်မှုအမြင့်ဆုံး ဖြစ်တယ်လို့ ဇူလိုင် ၂၃ ရက်က ထုတ် ပြန်တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထား ကြောင်း အင်ဒပ်စထရီဝိခ်သတင်းမှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားက စားသုံးသူတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ယုံ ကြည်မှုအမြင့်ဆုံးဖြစ်ကြောင်း သုတေ သနစစ်တမ်း ကောက်ယူရေးအဖွဲ့မှNielsen က ပြောပါတယ်။ ယခုနှစ် ဒုတိယသုံးလပတ်မှာ အာရှနိုင်ငံတွေက ထိပ်တန်း ၁၀ အဆင့်ထဲမှာပါဝင်နေပါ တယ်။ အင်ဒိုနီးရှားရဲ့ Nielsen အညွှန်း ကိန်းဟာ ၁၂၄ ရှိပြီး ကမ္ဘာ့ပျမ်းမျှ အမှတ် ၉၄ အထက်ကို ကျော်လွန်နေ ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ၁၂၁ မှတ်နဲ့ နောက်ကလိုက်နေပါတယ်။ သူတို့နောက်မှာ စီးပွားရေးအလား အလာနဲ့ပတ်သက်ပြီး စားသုံးသူတို့ရဲ့ ယုံကြည်မှုအရ အိန္ဒိယ၊ ထိုင်း၊ ဘရာဇီး၊ တရုတ်၊ အာရပ်စော်ဘွားများပြည် ထောင်စု၊ ဟောင်ကောင်၊ မလေးရှားနဲ့ ဆော်ဒီအာရေးဗီးယားတို့က တန်းစီပြီး ရှိနေပါတယ်။ Nielsen ရဲ့ စားသုံးသူ ယုံကြည်မှု စစ်တမ်းကို ကောက်ယူရာမှာ စားသုံးသူ တို့ရဲ့ စီးပွားရေး အလားအလာအပေါ် ယုံကြည်မှုကိုကောက်ယူသလိုပဲ အလုပ် အကိုင်ဈေးကွက်၊ စားသုံးသူတစ်ဦးချင်း ရဲ့ ဘဏ္ဍာရေးအဆင့်အတန်းနဲ့ပတ် သက်တဲ့ ယုံကြည်မှုအပြင် ငွေကြေးသုံး စွဲဖို့ အသင့်ဖြစ်နေတဲ့အနေအထားတွေ ကို တိုင်းတာပြပါတယ်။ စစ်တမ်းကို မေ ၁၃ ရက်က ၃၁ ရက်အတွင်း နိုင်ငံပေါင်း ၅၈ နိုင်ငံရှိ အင်တာနက် ဆက်သွယ် မှုကတစ်ဆင့် စားသုံးသူ ၂၉၀၀၀ ကို စာရင်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ စားသုံးသူယုံကြည်မှုအဆင့်ရဲ့ အခြေခံ အမှတ် ၁၀၀ ထားပြီး အကောင်းမြင်နဲ့ အဆိုးမြင်ကို ခွဲခြားတွက်ချက်ပါတယ်။