Main menu

Background

ကမ္ဘာ့ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ဆက်လက်ကျဆင်း

Wed, 07/31/2013 - 11:37 -- ydnar

နောက်ဆုံး လေးလတာ ကာလ အတွင်းမှာ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း တွေ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယခုလို  လေးလတာကာလအတွင်းကျဆင်းတာက သုံးကြိမ်ဆက်တိုက်ရှိခဲ့တယ်လို့ ကမ္ဘာ့ ဘဏ်ကပြောကြားတာကို ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

ယခုလိုကျဆင်းရတာဟာ အာရှ အလယ်ပိုင်းနဲ့မြောက်အာဖရိကတို့က တင်သွင်းမှုကျဆင်း တာကြောင့်ဖြစ် ကြောင်းနဲ့ ဝယ်လိုအား ကျဆင်းတဲ့ အတွက် ဈေးနှုန်းတွေ အမြင့်ဆုံး ရရှိ ခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်နဲ့ နှိုင်းယှဉ်ရင် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ ဘဏ်က ဇူလိုင် ၂၅ ရက်က ပြောပါ တယ်။ ကမ္ဘာ့ဘဏ်ရဲ့ စားနပ် ရိက္ခာ အညွှန်းကိန်းမှာ ဖေဖော်ဝါရီမှ ဇွန်လ အထိ လေးလတာ ကာလအတွင်း ဂျုံရဲ့ အပြည်ပြည်ဆိုင်ရာဈေးနှုန်းက ၂ ရာခိုင် နှုန်း၊ သကြားက ၆ ရာခိုင်နှုန်း၊ ပဲပုပ်က ၁၁ ရာခိုင်နှုန်းနဲ့ ပြောင်းက ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီအညွှန်းကိန်းမှာ စားနပ်ရိက္ခာ၊ တိရစ္ဆာန်ဆီ၊ သီးနှံနဲ့တခြားစားနပ်ရိက္ခာ ရဲ့ ဒေါ်လာနဲ့ကာလပေါက်ဈေးအရ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်က ပူပြင်းခြောက်သွေ့မှုဖြစ်ပြီး နောက် ရာသီဥတု အခြေအေ နတွေ ကောင်းမွန်လာတဲ့အတွက် ဂျုံထုတ်လုပ် မှုကိုတိုးတက်စေခဲ့ပါတယ်။ ဥရောပ မြောက်ပိုင်းနဲ့ အလယ်ပိုင်း၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေမှာ ရာသီဥတုဆိုးဝါးပေ မဲ့ အဓိကထုတ်လုပ်သူတွေရဲ့ ထုတ်လုပ် မှုက တိုးတက်မှုရှိမယ်လို့ ဘဏ်ကပြော ပါတယ်။ မကြာသေးမီက ဈေးနှုန်းတွေ တည်ငြိမ်ခဲ့ပေမဲ့ လတ်တလောကာလ မှာ ဖြစ်ခဲ့တဲ့ စားနပ်ရိက္ခာဈေးနှုန်း မတည်ငြိမ်မှု တွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ ဆင်းရဲမှုကို မြင့်မားစေခဲ့ကြောင်း ဘဏ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်က ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့တို့က အစိုးရဘတ်ဂျက် အကုန်အကျ သက် သာစေဖို့အတွက် စားနပ်ရိက္ခာအတွက် စားသုံးသူ ထောက်ပံ့ကြေး ပေးတာ လျှော့ချပြီး ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ်ကို မြှင့်တင်ဖို့ အစိုးရတွေကို တွန်းအား ပေးခဲ့ပါတယ်။