Main menu

Background

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းရက်တို သင်တန်းဖွင့်မည်

Wed, 07/31/2013 - 11:38 -- ydnar

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးရဲ့ လမ်းညွှန်မှုအရ ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူ ရေးရာဦးစီး ဌာန အစီအစဉ်နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန သင်တန်းခန်းမမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၂ ရက်အထိ ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်း ရက်တိုသင်တန်းဖွင့်လှစ်သွား မှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြင့် ကယားပြည်နယ်အတွင်းရှိ ကုန်သည် လုပ်ငန်းရှင်များ အနေနဲ့ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ဆောင် ရွက်ရာမှာ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ အမိန့်ညွှန်ကြားချက် များနဲ့ ဥပဒေ၊ နည်းဥပဒေများကို သိရှိစေပြီး၊ ကုန်သွယ်မှုပြုရာမှာ လျှင်မြန်မှန်ကန်စေမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ဖို့အတွက် ကယားပြည်နယ်အတွင်းရှိ ဟိုတယ် လုပ်ငန်းရှင်များ၊ လွိုင်ကော်စက်မှု ရပ်ကွက် မှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ သတ္ထုတူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းရှင် များမှ သင်တန်းတက်ရောက်ဖို့ ၅၀ ဦးခန့်အဆိုပြုလက်ခံထားပြီး ဖြစ် ကြောင်း ကယားပြည်နယ် ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။MA - တောင်ကြီး