Main menu

Background

ရွှေဘိုခရိုင်စက်မှုလယ်ယာကဏ္ဍ တိုးတက်စေရေး ဆွေးနွေး

Wed, 07/31/2013 - 11:40 -- ydnar

ရွှေဘိုခရိုင်ကုန်သွယ်မှုမြှင့်တင် ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနဲ့  MJ Trading Co; ltd  မှ ကိုရဲထွန်းအောင် တို့အဖွဲ့ဟာစစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တောင်သူဦးချစ်သိန်းနှင့် ဦးစိုးတင့်တို့၏ အဆင့်မြင့်လယ်ယာစိုက်ကွင်းများသို့ စက်မှုလယ်ယာကဏ္ဍတိုးတက်ရေးအတွက် ကွင်းဆင်းဆွေးနွေးခဲ့ပါတယ်။

ရွှေဘိုခရိုင်ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ တောင်သူ များကို စပါးရိတ်သိမ်းခြွေလှေ့စက်၊ စပါးစိုက်စက်များအကြောင်းကို သိရှိ စေပြီး ဈေးနှုန်းချိုသာစွာ အသုံး ပြု နိုင်ရန် အတွက် လာရောက် ဆွေးနွေး ရခြင်း ဖြစ်ကြောင်း MJ Trading Co; ltd မှ ကိုရဲထွန်းအောင်ကမိမိတို့ ကုမ္ပဏီ အနေနဲ့ ဂျပန်နိုင်ငံမှ စက်သစ်ကြီးများ အစား ဈေးနှုန်းအရ သင့်တင့်တဲ့ Japan Recon  စက်များဖြစ်တဲ့ စပါးရိတ် သိမ်း ခြွေလှေ့စက်နဲ့ စပါးစိုက်စက်များ ကို ရှင်းလင်းပြီး၊ အခြား အာလူးတူးစက် မြေပဲနှုတ်စက်တွေကိုလည်းဈေးကွက် အနေထားအရ ထပ်မံတင်သွင်းဖြန့်ဖြူးဖို့ ရည်ရွယ်ထားပါကြောင်း ရှင်းလင်း ပြောပြပါတယ်။ Recon စက်ဆိုတဲ့နေရာမှာ Japan နိုင်ငံမှာ လက်ရှိတကယ်သုံးနေတဲ့ စက်တွေကို မြန်မာပြည်ရဲ့ လုပ်ငန်း လိုအပ်ချက်တွေအရ  ပြန်လည်မွမ်းမံ (Recondition)ပြီးရောင်းတဲ့ဈေးကွက် ဖြစ်ပါကြောင်း ဈေးနှုန်းသက်သာမှုနဲ့ စက်ကြံ့ခိုင်မှုတွေကို အဓိကထားပါ ကြောင်း၊ လက်ရှိ ဧရာဝတီတိုင်း၊ ပဲခူး တိုင်းတို့မှာ တစ်ဧက ၃ သောင်းခွဲ နှုန်းနဲ့ ရိတ်သိမ်း ခြွေလှေ့ နေပါကြောင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ကိုလည်း စက်များရောင်းချပေးဖို့အတွက်ကွင်းဆင်း လေ့လာမှုများကိုလည်းလုပ်ကိုင်နေပါ ကြောင်း၊ ဆက်သွယ်လိုရင် ဖုန်းနံပါတ် ၀၉-၄၉၂၉၅၃၇၁ သို့ ဆက်သွယ်နိုင် ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ကျော်မင်းသိန်း - ရွှေဘို