Main menu

Background

မန္တလေးဈေးကွက်နဲ့ တရုတ်လိုင်းမှ ရွှေများအပြန်အလှန် အရောင်းအဝယ်ဖြစ်နေ

Wed, 07/31/2013 - 11:58 -- ydnar

မန္တလေးနဲ့ တရုတ်လိုင်းမှ ရွှေများ အပြန်အလှန် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ရွှေအရောင်းအဝယ်ပြုလုပ် သူများထံမှ သိရပါတယ်။ ပြည်တွင်း ရွှေဈေးနှုန်း မှာ ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲအလိုက် ဇူလိုင်လဆန်း ပိုင်းက စပြီး၊ ဈေးမြင့်တက်ခဲ့ရာ ဇူလိုင် စတုတ္ထပတ်မှာ ရွှေတစ်ကျပ်သားကို ကျပ်၇သိန်းအထက်ထိဈေးမြင့်ခဲ့ပါတယ်။

ရွှေအရောင်းဆိုင်ရှင်ကြီး တစ်ဦး က “ ရွှေဈေးမြင့်ပေမယ့် ပြည်တွင်း ရွှေ ဈေးက ကမ္ဘာ့ရွှေဈေးနဲ့ ယှဉ်လို့ ဈေးနိမ့် နေရင် တရုတ်က ပြန်ဆွဲတယ် ဈေးမြင့် ရင် တရုတ်ကပြန်ဝင်တယ်။ ဇူလိုင် ၂၄ ရက်နေ့က တရုတ်ကို အထွက်ရှိနေပြီး၊ ၂၅ ရက်မှာ တရုတ်ကပြန်ဝင်နေတယ်။ ရွှေက အတက်အကျမြန်နေတော့ လိုင်း သမားကအပြန်အလှန်အရောင်းအဝယ် ဖြစ်နေတာ။ ပြည်တွင်းမှာလည်း အရောင်း အဝယ်ပုံမှန်ရှိပေ မယ့် ဈေးမြင့်နေတော့ လဆန်းပိုင်း က ၆၈၀၀၀၀ ကျပ်နဲ့ ဝယ်ယူထားတဲ့သူက ၇၀၀၀၀၀ ကျပ်ဈေး ဆိုတော့ ပြန်လာ ရောင်းကြတယ်။ တစ်ကျပ်သားကို ၂၀၀၀၀ ကျပ်အမြတ်ရှိတော့ တစ်ဆယ် သားကို ၂ သိန်းမြတ်တယ်။ တစ်ပိဿာ ဝယ်ထားတဲ့သူက သိန်းနှစ်ဆယ်မြတ် နေပြီ။ ရက် ၂၀ အတွင်းမှာ ကို မြတ်နေတော့ ပြန်လာရောင်းတာများ တာ ” လို့ ပြောပါတယ်။ တရုတ်လိုင်းနဲ့ ရွှေအရောင်း အဝယ်ပြုလုပ်သူ မန္တလေးမြို့မှာ တစ်ဦး နှစ်ဦးသာရှိကြောင်း မိုးတွင်းကာလဖြစ် ပြီးရွှေလှော်ဖိုများကိုရွှေထွက်ရှိရာ ဒေသ များမှ ရွှေအဝင်လည်းနည်းနေကြောင်း၊ ယခင်တစ်ပတ်ကထက်မန္တလေးရွှေလှော်ဖို များကို ၁၀ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်း ကြားရွှေအဝင်နည်းလာကြောင်း သိရပါ တယ်။ ပြည်တွင်းရွှေဈေးနှုန်းမှာ ဇူလိုင်လ ၂ ရက်နေ့က အောင်သမာဓိရွှေ ၆၈၃၅၀၀ ကျပ်၊ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို ၁၂၃၆ ဒေါ်လာရှိပြီး၊ ဇူလိုင် ၆ ရက်နေ့မှာ ၆၇၆၅၀၀ ကျပ်၊ ကမ္ဘာ့ရွှေဈေးမှာ ၁၂၁၅ ဒေါ်လာ ပြန်ဆင်း ခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှစပြီး၊ တဖြည်းဖြည်းဈေးမြင့် ခဲ့ရာ ဇူလိုင်လ ၂၃ ရက်နေ့မှာ ၇၀၁၅၀၀ ကျပ်ထိ ဈေးမြင့် တက်မှုရှိခဲ့ ကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး