Main menu

Background

ကားအရောင်းအဝယ်အေးသော်လည်း စလစ်ဈေးမာနေဆဲဖြစ်

Wed, 07/31/2013 - 11:59 -- ydnar

ဇူလိုင်လ တတိယပတ် အတွင်း ရန်ကုန်မြို့ကားဈေးကွက်၏ အခြေ အနေမှာ အရောင်းအဝယ်အနည်းငယ် အေးသွားပြီးလုပ်ငန်းသုံးကားငယ်လေး များသာ အဓိကထား ရောင်းနေရ ကြောင်း သိရသည်။

မြို့တွင်းရှိအထင်ကရပွဲစားတန်း များဖြစ်သော သီရိမင်္ဂလာဈေးဟောင်း နေရာနှင့်မင်းရဲကျော်စွာ ပွဲစားတန်းနေရာ များတွင်သာမက ပေါ်ပင်ရောင်းဝယ် နေသောဝိုင်းဟောင်းနှင့်ကျောက်မြောင်း နေရာများတွင်ပါ အရောင်းအဝယ် အတန်အေးသွားကြောင်း ဝါရင့်ဝယ် ရောင်းများအပြောအရ သိရသည်။ ပွဲစားတန်းများအတွင်း လူအနည်း ငယ်ရှင်းနေကာအရောင်းအဝယ်လည်း အေးလာရခြင်းမှာ ရုံးပိတ်ရက်၊ ကျောင်း ပိတ်ရက်များတိုက်ဆိုင်နေသလို လတ် တလောမိုးရွာသွန်းမှုများပြားခြင်းကြောင့် တစ်ကြောင်း၊ နိုင်ငံခြားငွေဈေးတက် လာသဖြင့် အင်ဂျင်ပါဝါမြင့်ကားများ ၅ သိန်း၁၀သိန်းခန့်တက်လာသလိုကျောင်း ဖွင့်ရာသီကျော်လွန်သွားသဖြင့်တစ်ကြောင်း လည်းဖြစ်နိုင်ကြောင်း ဝါရင့်ဝယ်ရောင်း ကိုမြင့်ကျော်မှပြောသည်။ ယာဉ်အို/ဟောင်းအပ်နှံစလစ် ဇွန်လကုန် ပိုင်းခန့်တွင် ပြန်လည်ကျ ဆင်းသွားရာမှ ယခု “သ” အက္ခရာအပ်နှံ နေဆဲကာလ (၁)လနီးပါး အတွင်း ယာဉ်ဟောင်းစတစ်အမည်ပေါက် ၁၀၄ သိန်း၊ ၁၀၅သိန်းအထိ ပြန်တက်လာကာ အဝယ်လည်းရှားလာကြောင်း၊ “သ” အက္ခရာယာဉ်ဟောင်းတစ်စီးလျှင် ယခင် (၉၃) သိန်းမှ ယခု (၉၇) သိန်း၊ (၉၉) သိန်းဖြစ်လာကာ အပ်နှံရန် (၃) လခန့်လိုသေးသည်ဟု ခန့်မှန်းထား သော “အ” အက္ခရာယာဉ်ဟောင်းများ ပင် ၈၀ သိန်းနှင့် ၈၅ သိန်းကြားရှိလာပြီး လတ်တလောအက္ခရာ ၁က/၂ကတန်း များပါ၈၀သိန်းဝန်းကျင်၊၈၀သိန်းအောက် အဝယ်ပြန်ရှိလာကြောင်းသိရသည်။ လက်ရှိ အခြေအနေအရ စလစ် ဈေးမှာ ၁၀၀ သိန်းအောက်မကျ နိုင်သေးကြောင်းမှန်းဆနေကြပြီး သို့ဖြစ်ရခြင်းမှာစလစ်ရှား၊အပ်ကားရှား လာသဖြင့်ပိုင်ရှင်များမှလက်ထဲအောင်း ထားပြီး ဈေးဆိုနေသလို အင်ဂျင်ပါဝါ ကြီးကားဝယ်ယူသူများမှာလည်း စလစ် လိုအပ်ချက်ရှိသဖြင့်ကားအရောင်းစင်တာ များနှင့်ချိတ်ဆက်ကာစလစ်ကပ် ဝယ်ယူ မှုများ ရှိနေဆဲကြောင့်ဖြစ်ကြောင်း ဝါရင့် ဝယ်ရောင်းကြီးမှပြောသည်။ တက္ကစီစလစ်များမှာ ၆၅ သိန်းမှ ၆၈ သိန်းကြားရှိနေပြီး စီစီအက္ခရာထိ ရောက်ရှိနေကာ မြို့တွင်း ပြေးဆွဲနေ သောတက္ကစီအင်အားများပြားနေသဖြင့် တက္ကစီကားသစ်များအားအရောင်းပြခန်း များမှ ယခင်ကထက် ၅ သိန်း ၁၀ သိန်း ဈေးလျှော့ကာရောင်းချပေးနေကြောင်း၊ တန်ဖိုးနည်း၁၀၀သိန်းအောက်ဝယ်ယူရရှိ သည့်အက္ခရာအနီပြောင်းကာ ၁၃၀၀ စီစီ ဝန်းကျင်ကားလေးများထဲတွင် မာဇဒါဒီမီယိုပုံဟောင်းနှင့်တိုယိုတာပက်ဆို ကား (၂) မျိုးမှာ တက္ကစီလောကထဲတွင် အများ အပြားပြေးဆွဲလာကြောင်း ဝါရင့်တက္ကစီယာဉ်မောင်းဦးသိန်းအောင် မှ ပြောသည်။ှ SN