Main menu

Background

မလေးရှားတစ်နိုင်ငံတည်းသို့သာ ရော်ဘာတင်ပို့မှုရှိ

Wed, 07/31/2013 - 12:11 -- ydnar

ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှား တစ်နိုင်ငံတည်းသို့သာ ရော်ဘာတင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့တန်ချိန်မှာ ၁၆၀ ဖြစ်ပြီး ျွှ ၃ တန် ၁၀၀ နဲ့ RSS 5 တန် ၆၀ ဖြစ်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ သုည ဒသမ ၃၅၂ သန်းဖိုးဖြစ်ပါတယ်။

ယခင်အပတ်ကတရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကို တင်ပို့ နိုင်ခဲ့သော်လည်း ယခုအပတ်မှာတင်ပို့နိုင်ခြင်းမရှိပါဘူး။ တင်ပို့တဲ့တန်ချိန်အားဖြင့်လည်းတန် ၂၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၁၀၀ ကျော်ဈေးတက်လာတဲ့ အတွက် မိမိတို့ FOB ဈေးနှုန်းမှာလည်း ဒေါ်လာ ၁၀၀ ဈေးတင်ပြီး RSS 1 တစ်တန် လျှင်ဒေါ်လာ ၂၃၅၀-၂၄၅၀၊RSS 3 နဲ့ MSR 20 တစ်တန်လျှင်ဒေါ်လာ၂၂၅၀-၂၃၅၀၊RSS 5  နဲ့ MSR 50  တစ်တန်လျှင် ဒေါ်လာ၂၁၅၀-၂၂၅၀ ၊MSR 10  တစ်တန်လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊  Creep Rubber တစ်တန်လျှင် ဒေါ်လာ ၂၀၅၀-၂၁၅၀ ဈေးပေါက်ကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။         ယဉ်ယဉ်အေး (DCCA)