Main menu

Background

ဇူလိုင်လ တတိယပတ် ကမ္ဘာ့ရော်ဘာဈေးနှုန်း အားနည်းနေသော်လည်း အိန္ဒိယနှင့် မလေးရှားရော်ဘာဈေးနှုန်းများ ခိုင်မာနေ

Wed, 07/31/2013 - 12:15 -- ydnar

ဇူလိုင်လတတိယပတ် ထိုင်း ရော်ဘာဈေးနှုန်းများ အနည်းငယ်စီ အားနည်းလာသော်လည်း မလေးရှားနဲ့ အိန္ဒိယ တို့မှာ ရော်ဘာဈေးနှုန်းများ အနည်းငယ်စီမြင့်မားလာတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးရွာသွန်းမှုမြင့်မားခြင်းက သင်္ဘောတင်မှုကိုနှောင့်နှေးစေသဖြင့် မလေးရှား ရော်ဘာကို ဝယ်လိုအားများလာတာကြောင့် မလေးရှားရော်ဘာဈေးနှုန်း မြင့်လာတယ်။ ဇူလိုင်လ ၁၅ ရက်နေ့က တစ်တန်ကို ၂၁၆၆ ဒေါ်လာသာရှိနေတဲ့  SMR – 20 (Standard Malaysia Rubber)   က ဇူလိုင်လ ၁၈ ရက်နေ့မှာ တစ်တန်ကို ၂၂၃၀ ဒေါ်လာအထိ ၉၄ ဒေါ်လာ ဈေးမြင့်လာတယ်။ အိန္ဒိယမှာလည်း သဘာဝရော်ဘာဈေးနှုန်းများ မြင့် မားနေတယ်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်တဲ့ ကယ်ရာလာ ပြည်နယ်မှာ ရော်ဘာ ရောင်းလိုအား ကျဆင်းမှုကြောင့် ဈေး နှုန်း ဦးမော့လာတယ်လို့ သိရတယ်။ ၎င်းပြည်နယ်မှာ အဆက် မပြတ်မိုးရွာသွန်းမှုကြောင့် ရော်ဘာစေးခြစ်ယူမှုကို ကျဆင်း စေပြီး ရောင်းလိုအားကိုထိခိုက်စေကြောင်း၊ နွေရာသီကာလ အတွင်းမှာလည်း ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် ရော်ဘာ စေးခြစ်ယူရရှိမှု အားနည်းပြီး ရောင်းလိုအားကို ထိ ခိုက်စေခဲ့ခြင်းကလည်း လောလောဆယ် ရော်ဘာသိုလှောင် ထားမှုကို အားနည်းစေကြောင်း၊ ဒါကြောင့် ပြည်ပမှ တင် သွင်းမှုကိုသာ အားကိုးရမှာဖြစ်ကြောင်း ကုန်သည်များက ဆိုကြတယ်။ ဇူလိုင်လ ၁၅ ရက်နေ့က တစ်တန်ကို ၂၉၃၁ ဒေါ်လာ မှာရှိနေခဲ့တဲ့  India Standard Natural Rubber (ISNR-20) က ဇူလိုင်လ ၂၃ ရက်နေ့မှာ ၃၀၃၀ ဒေါ်လာအထိ ၉၉ ဒေါ်လာဈေးမြင့်လာတယ်။ ကမ္ဘာ့ရော်ဘာ ဈေးကွက်မှာ တော့ သဘာဝရော်ဘာဈေးနှုန်းမှာ ယေဘုယျအနေနဲ့ အား နည်းလျက်ရှိတယ်။ ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံး တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကျုံ့သွားတယ်ဆိုတဲ့ သတင်းက ရော်ဘာဝယ်လိုအားကို ကျဆင်းစေမယ်လို့ ခန့်မှန်းကြသဖြင့် ဈေးနှုန်းကိုပါ အားနည်းစေတယ်လို့ ဆိုပါတယ်။         ပပ