Main menu

Background

ဒေါ်လာဈေးကွက် အလှည့်အပြောင်း ဖြစ်ပေါ်လာနိုင်မလား

Wed, 07/31/2013 - 12:19 -- ydnar

၂၀၁၃ ခုနှစ်  သြဂုတ်လ ၅ ရက် ကစတင်၍ ပုဂ္ဂလိကဘဏ်အချင်းချင်း အမေရိကန် ဒေါ်လာ လွတ်လပ်စွာ ရောင်းဝယ်နိုင်သည့်စနစ် (Inter Bank Market) ဖြင့် လုပ်ကိုင်နိုင်တော့မည် ဖြစ်ရာ ဒေါ်လာဈေးကွက်အလှည့် အပြောင်း ဖြစ်ပေါ်လာနိုင်မလားဟု မေးခွန်းထုတ်သူများ ရှိလာကြောင်း ကြားသိရသည်။

 
“အမေရိကန်ဒေါ်လာဈေးတွေ ကို  ဗဟိုဘဏ်တွေက ဈေးဆွဲတင်လို့ပဲ ဖြစ်ဖြစ်၊ ပို့ကုန်တွေ မြင့်တက်အောင် စီစဉ်လို့ပဲဖြစ်ဖြစ်  ဒေါ်လာ ဈေးတွေက တဖြည်းဖြည်းမြင့်တက်လာတာကျပ် ၁၀၀၀-ကျော် အထိဆွဲတင် လာနိုင်ခဲ့ပါ တယ်။ဈေးကွက် လိုအပ်ချက်ကြောင့် ဈေးနှုန်းတွေ တက်လာတာလည်း ပြောသူတွေက ပြောကြတယ်။ အခု အနေအထားက ဈေးကွက်လိုအပ် သလောက် ထုတ်ရောင်းမယ်။ ပိုနေရင် ဝင်ဝယ်မယ့် အနေအထားတွေကြောင့် ဒေါ်လာဈေးကွက် အလှည့်အပြောင်း ဖြစ်ပေါ်နိုင်မလားလို့ တွေးစရာရှိလာပါ တယ်”ဟုပို့ကုန်လုပ်ငန်းရှင်ဦးအောင်ထွေး က ပြောကြားသည်။ဒေါ်လာကို ဘဏ်အချင်းချင်း ကြိုက် ရောင်းကြိုက်ဝယ် သြဂုတ်လ ၅ ရက် က စတင် “ပုဂ္ဂလိက ဘဏ်အချင်းချင်း  မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ကိုကြိုက်တဲ့ နှုန်းထားနဲ့ အရောင်း အဝယ်လုပ်နိုင်တဲ့ Inter Bank Market ကို သြဂုတ်လ ၅ရက်နေ့မှာ စတင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။” ဟု   မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
စမ်းသပ်ကာလပြီးမှ အတည်ပြု လုပ်ကိုင်နိုင် ယင်းစနစ်ကြောင့် ပုဂ္ဂလိက ဘဏ် အချင်းချင်းနိုင်ငံခြားငွေ ရောင်းဝယ် သည့် ဈေးနှုန်းကို ဗဟိုဘဏ်က ဝင် ရောက်သတ်မှတ်တော့မည် မဟုတ်ဟု ဆိုသည်။  “ဗဟိုဘဏ် ခံမနေတော့ဘဲ ပုဂ္ဂလိကဘဏ်အချင်းချင်း ဒေါ်လာကို တိုက်ရိုက်ချိတ်ဆက် အရောင်းအဝယ် ပြုလုပ်နိုင်တာမျိုးဆိုတော့ ပိုမြန်တာ ပေါ့။ အချိန်ကုန်လည်း သက်သာသွား မယ်။  လုပ်ငန်းက သြဂုတ်လဆန်းမှ စမှာ။ လက်ရှိအနေအထားအထိ လုပ် ငန်းကမစရသေးတော့ အားသာချက် အားနည်းချက်တွေ မမြင်ရသေးဘူး။ ကျွန်တော်အထင်တော့စမ်းသပ်ကာလ အရင်လုပ်ပြီးမှ  အတည်ပြု စတင် လုပ်ကိုင်လိမ့်မယ် ထင်ပါတယ်” ဟု အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောကြားသည်။
ပြင်ပမှောင်ခိုဈေးကွက်တဖြည်းဖြည်း  အားလျှော့သွားနိုင် ဗဟိုဘဏ်အနေဖြင့် နေ့စဉ်ပြုလုပ် နေသည့် လေလံစနစ်ကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကာ၊ ဈေးကွက် အတွင်း  အမေရိကန်ဒေါ်လာဝယ်ခြင်း၊ ရောင်းခြင်းဖြင့်သာ  ငွေကြေးဈေးကွက် တည်ငြိမ်အောင် ပြုလုပ်သွားမည်ဟု ဆိုသည်။ “Inter Bank Market က လုပ် ကိုလုပ်ရမယ့်စနစ်ပါ။အော့ရှင်မားကတ် ကနေတစ်ဆင့် တက်လာတဲ့ သဘော ဖြစ်ပါတယ်။ ဒီစနစ်ကို လုပ်ကိုင်ဖို့ ကျွမ်းကျင်တဲ့ လူမရှိရင်တောင် လုပ်နိုင် စွမ်းရှိတဲ့သူတွေကို ငှားရမ်းလုပ်ရမှာပါ။ ဒီစနစ်ကြောင့် ပြင်ပမှောင်ခိုဈေးကွက် တဖြည်းဖြည်း အားလျော့သွားနိုင်ပါ တယ်” ဟု ကမ္ဘောဇဘဏ်မှ ဒုတိယ ဥက္ကဋ္ဌဦးသန်းလွင်က ပြောကြားသည်။ ထို့အပြင် တရားမဝင် လမ်း ကြောင်းပေါ်မှ တရားဝင်လမ်းကြောင်း ပေါ်သို့ ရောက်လာနိုင်သည်ဟု ဆို သည်။ပြည်တွင်းဘဏ်အချင်းချင်းရောင်းဝယ်မှု ကနေ ပြည်ပဘဏ်တွေနဲ့ ပါ ရောင်း ဝယ်နိုင်အောင် ဖွင့်ပေးလာနိုင် လက်ရှိ ခွင့်ပြုမည့် Inter Bank Market မှာ ပြည်တွင်းပုဂ္ဂလိက ဘဏ် အချင်းချင်း  အမေရိကန် ဒေါ်လာကို လွတ်လပ်စွာရောင်းဝယ်နိုင် တဲ့စနစ်မှ ပြည်ပဘဏ်များနှင့်ပါ အမေရိကန် ဒေါ်လာကို ရောင်းဝယ်နိုင် ရန်တစ်ဆင့် ချင်း ဖွင့်ပေးလာနိုင်ကြောင်း ငွေကြေး ဈေးကွက်လေ့လာသူများက ဆိုသည်။ “အခုခွင့်ပြုမယ်ဆိုတဲ့ပြည်တွင်းပုဂ္ဂလိက ဘဏ်အချင်းချင်း လွတ်လပ်စွာ ရောင်း ဝယ်နိုင်မဲ့  စနစ်ကနေ  ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေနဲ့ ပြည်ပဘဏ်တွေ အထိ ဒေါ်လာ ရောင်းဝယ်နိုင်တဲ့အထိ တစ်ဆင့်ချင်း ဖွင့်ပေးသွားမယ်ထင်ပါ တယ်။ ဒီစနစ်ကို နိုင်ငံတကာမှာလည်း လုပ်နေတာ ကြာပါပြီ” ဟု  သမဝါယမ ဘဏ်မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။
လက်ရှိကာလ ဒေါ်လာဈေးနှုန်းများ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း အမေရိကန်ဒေါ်လာ ဈေးနှုန်းများမှာ ဇူလိုင် ၂၆ ရက်တွင် ဝယ်ဈေး ၉၇၂ကျပ်၊ ရောင်းဈေး၉၈၂ ကျပ်၊ ဇူလှိုင်၂၅ ရက် တွင် ဝယ်ဈေး ၉၇၄ကျပ်၊ ရောင်းဈေး ၉၈၄ကျပ်၊ဇူလိုင်၂၄ရက်တွင်အမေရိကန် ဒေါ်လာ ဝယ်ဈေး ၉၇၄ကျပ်၊ ရောင်း ဈေး ၉၈၄ကျပ်၊ ဇူလိုင် ၂၃ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင်ဝယ်ဈေး  ၉၇၅ ကျပ်၊ ရောင်းဈေး ၉၈၅ကျပ် တို့ ရှိနေကြောင်းသိရသည်။  M&GP