Main menu

Background

အခွန်ဝန်ထမ်းများ အရေးယူမှု ဖြစ်ပေါ်ပြီးနောက် အိမ်ခြံမြေ ဈေးကွက်အနည်းငယ် တုံ့ဆိုင်း

Wed, 07/31/2013 - 13:06 -- ydnar

ဘဏ္ဍာရေးဝန်ကြီးဌာန လက် အောက်ရှိ  ပြည်တွင်းအခွန်များဦးစီး ဌာနမှ ဝန်ထမ်းအချို့ အား နေရာ ပြောင်းရွှေ့ခြင်း၊ အနားပေးခြင်းနှင့် ထုတ်ပယ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်   အိမ်ခြံမြေဈေးကွက် အနည်းငယ်တုန့် ဆိုင်းမှုဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်အိမ်ခြံ မြေဈေးကွက်အတွင်းမှ သိရသည်။

 
ဈေးကွက်အနည်းငယ်တုံ့ဆိုင်းရတာက “ပြည်တွင်းအခွန်ဦးစီးဌာနက အခွန်ဝန်ထမ်းအချို့ဟာ အိမ်ခြံမြေ အရောင်းအဝယ် တန်ဖိုးသတ်မှတ်တဲ့ အခါအဂတိလိုက်စားမှု တွေရှိခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် အရေး ယူမှုတွေ လုပ်ခဲ့တယ်လို့ ကြားသိရ တယ်။ အဲဒီသတင်းတွေ ထွက်ပေါ်ပြီး နောက်ပိုင်း အိမ်ခြံမြေ အရောင်းအဝယ် တွေအနည်းငယ် တုံ့ဆိုင်းသွားသလိုရှိခဲ့ တယ်။”ဟုမဏ္ဍိုုင် အိမ်ခြံမြေဝန်ဆောင်မှု အကျိုးဆောင်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် ရက်ပိုင်းများက  ပြည် တွင်းအခွန်များဦးစီးဌာနမှ အရေးယူ ဆောင်ရွက်ခံရ သည့်ဝန်ထမ်းများထဲတွင် ညွှန်ကြားရေးမှူးအဆင့်နှင့်ဦးစီးအရာရှိ အဆင့်များပါဝင်ခဲ့သည်ဟုဆိုသည်။ “အခွန်ဝန်ထမ်းတွေကို အရေးယူ လိုက်တဲ့နောက်ပိုင်းမှာ အိမ်ခြံမြေ အရောင်းအဝယ်တန်ဖိုးတွေ သတ်မှတ် လိုက်တဲ့အခါ များမလားဆိုတာမျိုးတွေ၊ သတ်မှတ်တာများရင် အခွန်ဆောင် ရမှာ များနိုင်တယ်ဆိုတာမျိုးတွေနဲ့ အရောင်းအဝယ်တွေ တုံ့သွားတဲ့ သဘောရှိပါတယ်။” ဟု ဝါရင့် အိမ်ခြံ မြေအကျိုးဆောင် ဦးသန်းဦးက ပြော ကြားသည်။
ကျပ်သိန်းထောင်ဂဏန်းမြေကွက် အရောင်းအဝယ်တွေ ဆက်ဖြစ်နေ ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း ကျပ်သိန်းထောင်ဂဏန်းတန် မြေကွက်များ၏အရောင်းအဝယ်မှာ ဆက်လက်သွားနေသည်။ “ကျပ်သိန်းတစ်ထောင်ကနေ ကျပ် သိန်းသုံးထောင်၊ လေးထောင်၊ ငါး ထောင်တန်မြေကွက် အရောင်း အဝယ် ကတော့ ဆက်ဖြစ်နေပါတယ်။ကျပ် သိန်းသောင်းဂဏန်းမြေကွက်တွေလည်း  ခပ်ပါးပါးအရောင်းအဝယ် ရှိနေတာ ကြားပါတယ်”ဟု အိမ်ခြံမြေအကျိုး ဆောင် ဦးလှသန်းက ပြောကြားသည်။ ကျပ်သိန်း ထောင်ဂဏန်း အ ရောင်းအဝယ်ရှိနေသည့် မြို့နယ်များမှာ အင်းစိန်၊ လှိုင်၊ မရမ်းကုန်း။ ကြည့်မြင် တိုင်၊ သာကေတ၊ သင်္ဃန်းကျွန်းစသည့် မြို့နယ်များတွင်လည်းကောင်း၊ ကျပ် သိန်းသောင်းဂဏန်း မြေကွက်များမှာ  ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ဒဂုံမြို့နယ်များတွင် ဖြစ်ခဲ့သည်ဟု ဆို သည်။
ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်များ လည်းတက်လာ ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း ကွန်ဒိုတိုက်ခန်း အရောင်း အဝယ်များလည်းတက်လာကြောင်းသိ ရသည်။ “လက်ရှိ အနေအထားမှာပဲ  ရန်ကုန်က စီးပွားရေးမြို့တော်ဆိုတော့   နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင် တွေ ပိုဝင်လာတဲ့ သဘောရှိတယ်။သူတို့တွေ က လုံးချင်းတွေ ငှားလိုကြတယ်။ သူတို့ လိုချင်တဲ့ ပုံစံနဲ့ လုံးချင်းက တစ်လကို ကျပ် ၂၅ သိန်း-သိန်း ၃၀ လောက်သုံးမှ ရနိုင်မှာ။ လုံးချင်းအငှား ဈေးမြင့်တက် လာတာကြောင့် ကွန်ဒို အခန်းတွေ ဘက် လှည့်သွားတာကြောင့် ကွန်ဒို အခန်းတွေ အရောင်းအဝယ် တက်လာ တာပါ” ဟု ကြယ်စင်လင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ  ဦးစိုးဝဏ္ဏ က ပြောကြားသည်။ လတ်တလော ရန်ကုန်မြို့သို့ အဝင်များလာသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များမှာ အာရှနိုင်ငံ များမှနိုင်ငံ ခြားသားများပိုမို ဝင်ရောက် မှုရှိသည်ဟုဆိုသည်။ အထူးသဖြင့် ဂျပန်လူမျိုးများ အများဆုံးပါဝင်လာ သည် ဟုဆိုသည်။
ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်တက် လာရတဲ့ အခြားအကြောင်းတွေ လုံးချင်းအငှားဈေးများ တက်လာ ခြင်းကြောင့် ကွန်ဒိုတိုက်ခန်း အရောင်း အဝယ် တက်လာရခြင်း ဖြစ်သလို အခြားအကြောင်းအရာများကြောင့်လည်း ကွန်ဒိုတိုက်ခန်းအရောင်းအဝယ်များ တက်လာ ရသည်ဟုဆိုသည်။ “ကွန်ဒိုတိုက်ခန်းတွေ အငှားလိုက် လာတော့ အချို့ကကွန်ဒိုတွေ လိုက် ဝယ်ပြီးအငှားတင်ကြတယ်။ကွန်ဒို တိုက် ခန်းသစ်တွေပိုပြီးအရောင်းအဝယ် ပိုဖြစ် တယ်”ဟုကွန်ဒိုဝယ်ရောင်း ဦးအောင်မျိုး က ပြောကြားသည်။ ကွန်ဒို တိုက်ခန်းသစ်များရှိသည့် ဒဂုံမြို့နယ် ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းပေါ်ရှိ ကွန်ဒို တိုက်ခန်းသစ် များကိုဝယ်ယူမှုရှိနေသည် ဟုဆိုသည်။ “ကွန်ဒိုတိုက်ခန်းသစ်တွေကို ဝယ် ပြီး နိုင်ငံခြားသားတွေကိုအငှားတင်ကြ တာပါ။ နောက်ထပ်ဝင်လာ မယ့် နိုင်ငံ ခြားသားစီးပွားရေး လုပ်ငန်းရှင်တွေ လည်း ရှိမယ်ဆိုတာ သေချာပေါက် သိလို့  မျှော်ပြီးကြိုတင် ဝယ်ကြသူတွေ လည်းရှိနေတယ်”ဟု ၎င်းက ဆက် လက် ပြောကြားသည်။ ထို့အပြင် ကွန်ဒို ဥပဒေထွက်လာ ပါကလည်း ပိုင်ဆိုင်မှု ခိုင်မာမှုကြောင့် ပေါင်နှံ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း စသည့် အကြောင်းများကြောင့် ကွန်ဒို တိုက်ခန်း အရောင်းအဝယ် တက်လာရ ခြင်းဖြစ်ကြောင်း သိရသည်။ M&GP