Main menu

Background

မြန်မာ-တရုတ်နယ်စပ်တွင် ကဏန်းဈေးတည်ငြိမ်၊ ငါးရှဉ့်ဈေး အနည်းငယ်ကျ

Wed, 07/31/2013 - 13:28 -- ydnar

ယခုအပတ် ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်ထိတာ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ချင်း ရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ၂ ဒသမ ၁၅၃ သန်း တန် ဖိုးရှိ ရေထွက်ကုန်တန် ၉၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ ခန့် လျော့နည်းခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် ကူးသန်း ရောင်းဝယ်ရေးဇုန်မှ တန်ဖိုးကန်ဒေါ် လာ ၁ ဒသမ ၇၈၄ သန်းဖိုးရှိ ကဏန်း ၃၀၂ တန်ကျော်၊ ငါးရှဉ့် ၂၈၆ တန်ခန့်၊ ရေခဲငါး တန် ၃၀ ခန့်၊ ငါးလေးခြောက် ၇၈ တန်ခန့် ၊ ငါးဆားနယ် ၆၈ တန်ခန့်၊ ငါးစည်ဖောင်းတန်ဝက်ကျော်၊ ငါးမြစ် ချင်းစီဖောင်း ၅ တန်ကျော်၊  ငါးပူတင်း ရေခွံခြောက် ၄ တန်ခန့်၊ စုစုပေါင်း ၇၇၃ တန်ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုထက် တန် ၃၀ ခန့်လျော့နည်းခဲ့ပါတယ်။ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ငါးရှဉ့် ၁၃၂ တန်ခန့်တင်ပို့နိုင်ခဲ့ပြီး၊ ယခင်အပတ် ကထက်  ၁၀ တန်ခန့် လျော့နည်းခဲ့ပါ တယ်။ ယခုအပတ် ကဏန်းဈေးမှာ ယခင်အပတ်အတိုင်း ဈေးငြိမ်လျက် ရှိ ပါတယ်။ ကဏန်း တစ်တန်လျှင် ၂၂၃၄၄၀၀ ကျပ် (၁၃၉၉၉ ယွမ်၊ ဒေါ်လာ ၂၂၈၀) ဖြစ်ပြီး ငါးရှဉ့်ဈေးမှာ အနည်းငယ် ကျဆင်းလျက်ရှိပါတယ်။ ငါးရှဉ့်တစ်တန်လျှင် ၂၉၃၁၀၀၀ ကျပ် (၁၈၄၂၀ ယွမ်၊ ဒေါ်လာ ၃၀၀၀) ဈေး ပေါက်ကြောင်း မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ သိရှိရ ပါတယ်။ယဉ်ယဉ်အေး MIRT ( DCCA)