Main menu

Background

တရုတ်နယ်စပ်မှ ပဲတီစိမ်း ပိုမိုတင်ပို့

Wed, 07/31/2013 - 13:29 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ ၆ ဒသမ ၄၇၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၇၆၁၄ တန်နီးပါးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းဖိုးရှိ (လုံးခြမ်း) တန် ၁၇၀ ကို ဇူလိုင်လတတိယပတ်မှာ တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်း ရောင်းဝယ်ရေးစခန်းမှလည်း ကန်ဒေါ် လာ သုည ဒသမ ၀၂၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၂၅ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။

ယခင်အပတ်က မူဆယ်မှ လုံးပြည့် ၆၉၀၆ တန်ကျော်၊ လုံးခြမ်း ၆၆ တန်နဲ့ ချင်းရွှေဟော်မှ လုံးပြည့် တန် ၄၈၀ တင်ပို့ခဲ့တာမို့ ယခုအပတ် ပဲတီစိမ်း ပိုမိုတင်ပို့ လာပါ တယ်။မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တရုတ် နိုင်ငံသို့ အဓိက တင်ပို့နေရပြီး တရုတ် နိုင်ငံအနေနဲ့ ၎င်းင်းတို့နိုင်ငံမှာ စိုက်တဲ့ ပဲတီစိမ်းကို ဂျပန်၊ ကိုရီးယား ဈေးကွက် တွေကိုတင်ပို့နေတာကြောင့်ရောတရုတ် ဈေးကွက်ရဲ့ အရွယ်အစား ကြီးမားတဲ့ အတွက်ကြောင့်ပါ ပဲတီစိမ်း တင်ပို့မှုနှင့် အတူ ဈေးနှုန်းလည်းကောင်းနေဆဲဖြစ် ပါတယ်။ မူဆယ် ၁၀၅ မိုင်မှာ ယခု အပတ်အတွင်း ပျမ်းမျှတစ်နေ့ကို ပဲတီ စိမ်း ကား ၄၅ စီးဝန်းကျင် ပုံမှန် အဝင် ရှိနေတယ်လို့လည်း သတင်းရ ရှိပါ တယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခု အပတ် ပဲတီစိမ်း ပေါက်ဈေးကတော့ မိမိဖက်ဈေးတစ်တန်ကို ၈၄၆၇၅၆ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ၈၇၉ ယွမ်ရှိ နေပါတယ်။          MIRT (DCCA)