ရှမ်းပြည်နယ်တောင်ပိုင်း (အောင် ပန်း) ဒေသထွက် ချင်းအသစ်များ တမူးကူးသန်းရောင်းဝယ်ရေး စခန်း သို့ ပြန်လည်ဝင်ရောက်လျက်ရှိပါတယ်။ ယခင်နှစ်များက တမူးကူးသန်း ရောင်း ဝယ်ရေး စခန်းမှ ချင်းခြောက်ကိုသာ တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ကစတင် ပြီး ချင်းအစိုကိုတင်ပို့နိုင်ခဲ့တာ ဖြစ်ပါ တယ်။
ယခု ဘဏ္ဍာနှစ်စမှ ဇူလိုင် တတိယ ပတ်အထိ တန်ချိန် ၁၈၃၃၊ တန်ဖိုး သုည ဒသမ ၅၆၁ ဒေါ်လာ သန်းဖိုး တင်ပို့ပြီးဖြစ်ပါတယ်။ ချင်းစို မှာ ပုပ်သိုး ပျက်စီးလွယ်တဲ့ ပစ္စည်း ဖြစ် ပါတယ်။ တစ်ဖက်နိုင်ငံမှ အမှာရှိသော် လည်း တစ်ဖက်နိုင်ငံ အတွင်းတွင် လမ်း ပိတ်မှုများမကြာခဏဖြစ်ပေါ်ခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တဲ့ အတွက် ချိန်ဆ၍ လုပ်ကိုင် နေကြရတယ်လို့ ကုန်သည်များက ပြောပါတယ်။ကသရ (တမူး)